Royal Eleven F.C အဆင့်မြင့်တန်းမှ နှုတ်ထွက်

11 August 2008

ပထမဆုံး အကြိမ် အဆင့်မြင့်တန်းမှာ ကစားရတဲ့ ရာသီမှာပဲ ပုဂ္ဂလိက ဘောလုံးကလပ် အသင်းဖြစ်တဲ့ Royal Eleven F.C ဟာ မတရား ဘူးထင်ရတဲ့ လုပ်ပွဲအရှုပ်တော်တွေကြောင့် ကလပ်အသင်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
Royal Eleven F.C ဟာ Eleven Media group ကတည်ထောင်ထားတာ ဖြစ်ပြီး သူတို့ဟာ မြန်မာ့ ဘောလုံး အဆင့်အတန်းကို တကယ်မြင့်မား စေချင်သူတွေဖြစ်ကြောင်း သူတို့ ဂျာနယ်ဖတ်တဲ့ ပရိတ်သတ် တိုင်းသိပါတယ်။ အငြင်းပွား ဖွယ်ရာ ရလဒ်များနဲ့ ပတ်သတ်ပြီး အသင်း တာဝန်ရှိသူများက မြန်မာနိုင်ငံ ဘောလုံးအဖွဲ. ချူပ်ကို တိုင်ကြားခဲ့ပေမယ့် အဖွဲ. ချုပ်ကအရေးယူဆောင်ရွက် နိုင်ချင်းမရှိခဲ့ ပါဘူး။

ပုဂ္ဂလိက အသင်းတွေ ပေါ်ထွန်းလာဖို့ အားမပေးတာဟာ မြန်မာနိုင်ငံ မှာ semi-pro ကိုတက်လှမ်းနိုင်ဖို့ မလွယ်ပါဘူးလို့ ၀ါရင့် အားကစား
ကလောင်ရှင်တွေနဲ့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ အခုဆိုရင် အရှေ့တောင်အာရှမှာ semi-pro မဖြစ်တာဆိုလို့ မြန်မာနဲ့ လာအိုတို့ ပဲ ကျန်ပါတော့တယ်။ ဒီအတိုင်းဆိုရင် နောက် ၂ နှစ်လောက်ဆိုရင် မြန်မာနိုင်ငံ ပဲကျန်ပါတော့မယ်လို့ ဒီတပတ် Weekly Eleven ဂျာနယ်
မှာဖေါ်ပြထားပါတယ်။

မြန်မာပြည်မှာ ပုဂ္ဂလိက ဘောလုံးအသင်းထောင်တယ်ဆိုတာ ကိုယ့်စရိတ်ကိုယ်ခံပြီး ၀ါသနာကြောင့်သာ အရှူးခံ ပြီးရင်းကြရတာပါ ။
ဒီိလိုအသင်းတွေ ကတစ်သင်းပြီး တစ်သင်း အကြောင်းအမျိုးမျိုးနဲ့ ထွက်သွားကြတယ်ဆိုတော့ ကျွန်တော်တို့ မြန်မာ့ ဘောလုံးလောက
ကြီးလည်း ဘယ်တော့မှ ဒုံရင်းဒုံရင်းကနေ တက်ပါတော့မလဲဗျာ ။

Royal Eleven F.C အတွက် Eleven Media Group ကထွက်တဲ့ ဂျာနယ်ဖတ်ပရိတ်သတ် တစ်ယောက်အနေနဲ့ ထပ်တူထပ်မျှစိတ်
မကောင်းဖြစ် မိပါကြောင်း ...............

ူသူတို့ရဲ့ http://www.first-11.com/ မှာလည်း ဒီနေ့ ၁၁ ရက်နေ့ မှာ Breaking News အနေနဲ့ ဒီအကြောင်းကို တင်ထားတယ်ဗျို့

0 ယောက် မှတ်ချက်ပေးခဲ့သည်: