တိုးလာတဲ့ လူဦးရေ

29 June 2008

ဒီတစ်ပတ် မော်ဒါန်ဂျာနယ်မှာ ကမ္ဘာ့လူဦးရေအကြာင်းရေးထားတာလေးဖတ်လိုက်ရတယ်။တော်တော်လေးစိတ်
ဝင်စားဖို့ ကောင်းပါတယ်။ကမ္ဘာပေါ်မှာ ၂၀၁၂ ခုနှစ်ရောက်ရင် လူဦးရေပေါင်း ၇ ဘီလျံကျော်မယ်လို့အမေရိကန်
စစ်တမ်းတွေက ခန့်မှန်းထားပါတယ်။ ၁၉၉၉ ခုနှစ်က စစ်တမ်းတွေအရ ၆ ဘီလျံ သာရှိတဲ့ အတွက်၁၃နှစ်အတွင်း
၁ ဘီလျံ တိုးလာခဲ့ ခြင်းဖြစ်ပါတယ်။အကျပ်အတည်း တွေများနေတဲ့ ကမ္ဘာကြီး အတွက်တော့ နောက်ထပ် စိန်ခေါ်
မူ့ တရပ်ပါပဲ။ ၁၈၀၀ ပြည့်နှစ်များတုန်းက လူဦးရေဟာ ၁ ဘီလျံတောင်မပြည့် သေးဘူးတဲ့။အဲ့ဒီကနေနောက်ထပ်
နှစ်ပေါင်း ၁၃၀ အတွင်း မှာတောင် ၂ ဘီလျံ မပြည့် လာခဲ့ ပါဘူး။ ဒုတိယ ကမ ၻာ စစ္အၿပီး မွာ မွသိသိသာသာတိုး
တက္လာတာပါ။ ဒီနောက် မှာတော့ လူဦးရေ တိုးတက်နုန်း ဟာ တစ်နှစ်ကို ပျဉ်းမျှ ၁.၃ ရာခိုင်နူံးရှိ လာပါတယ်။
ဒီနုန်းအတိုင်း သာဆက်သွားနေ ရင်တော့ ၂၀၅၀ ရောက်ရင် လူဦးရေ ၁၀ ဘီလျံ ရှိလာမယ် လို့ ဆိုပါတယ်။
လူဦးရေ သန်း ၁၀,၀၀၀ ပေါ့ ။ ကြောက် ခမန်း လိလိ နုန်းပါပဲ။ ဆရာ မြသန်းတင့်ရေး တဲ့ သိပ္ပံ ၀တ္တု ထဲကလို
လူဦးရေ သန်း ၂၀၀၀၀ ရှိတဲ့ခေတ် သာ ရောက်သွားရင် ဘယ်လို ဖြေရှင်းကြ မလဲ။ များပြားလာတဲ့ လူဦးရေ
အတွက် အစာတွေဘယ်က ရမှာလဲ။အခုတောင်မှ မလောက်ရတဲ့ ကြားထဲ။
နောက်ပိုအရေးကြီး တာက လောင်စာဆီ ပြဿနာ။သိကြတဲ့ အတိုင်းအခုတောင် ထိုကိစ္စ နှင့် စစ်ပွဲတွေ ဘာတွေ
ဖြစ်နေ ကြသည်။
စိန်ခေါ်မူ့ တွေက ကမ္ဘာ ကြီးအတွက် ပိုပို ပြင်းထန်လို့လာသည်။ ကိုယ်နှင့် မဆိုင်သလိုထိုင် ကြည့် နေ၍ မရ။
ကျွန်တော်တို့ လူငယ်တွေ သက်တမ်း အတွင်း မှာပင် ကြုံတွေ့ လာနိုင်သည်။
ကမ္ဘာ ကြီးရဲ့ မနက် ဖြန် တွေအတွက်ရင်လေး ရပါသည်။
ကြားခဲ့ဖူးသော လူဦးရေနှင့်ပတ်သတ်သည့် ဟာသလေးနှင့် ပင် ဤစာစုကို နိဂုံးချုပ် လိုက်ပါရစေ။
------------------------------------------------------------------------------------
လူမူ့ ရေးဘာသာရပ် ကိုသင်ကြားသော ဆရာမက တပည့် များကို မေးသည်။
" ကမ္ဘာ့ လူဦးရေ ဟာဒုတိယကမ္ဘာ စစ်ပြီးနောက် ဘာ့ကြောင့် ရုတ်တရက် တိုးပွားလာ ရတာလဲ "
" စစ်သားတွေ ပြန်လာလို့ ပါ"

ဟာသ (၁)

28 June 2008

အမဲလိုက်ရာ မှပြန်လာသောသူငယ်ချင်းနှစ်ယောက် တောထဲတွင်ဆုံကြသည်။
"ဘာတွေရခဲ့လဲသူငယ်ချင်း"
" ဒီနေ့တော့ဘာမှမရ ခဲ့ဘူးကွ။ဒါပေမယ့် ဟိုနေ့ကနည်းသစ် တခုသုံးလိုက်တာဝက်ဝံတစ်ကောင်တော့
ရထားတယ်"
" တယ်ဟုတ်ပါလား။ငါ့ကိုလည်းနည်လေးဘာလေး ပေးစမ်းပါဦး"
"လွယ်လွယ်လေး ပါကွာ။ပထမဆုံး သားကောင် ရှိနိုင်တဲ့ ဂူရှေ့သွား။သေနတ်နဲ့ ချိန်ထားပြီး ဟေးဟေး
ဟားဟား အော်လိုက်။ထွက်လာရင် ပစ်လိုက်ရုံပဲ"
ငါစမ်းကြည့် လိုက်ဦးမယ်
တပတ်လောက်ကြာသောအခါပြန်တွေ့ကြသည်။
" ဟာ...မင်းတကိုယ်လုံးလည်း ဒါဏ်ရာတွေနဲ့။ဘယ်လိုဖြစ်တာလဲ"
" မင်းပြောတဲ့ နည်းသုံးလိုက်မိလို့"
"မင်းဂူေ.ရှသွား ပြီးသေနတ်နဲ့ မချိန်ဘူးလား"
" ချိန်ထား တာပဲ"
" ဒါဖြင့် ဘာကောင် ကြီးထွက်လာလဲ"
" ရထားကြီး ထွက်လာတယ် သူငယ်ချင်း"

စင်သီယာ

ငါမငိုဖူး
ပြာပုံမှာလူးတဲ့ဘဝ
လွတ်မြောက်ရေး လမ်းစရှာတုန်း
မင်းအမုန်းကိုမေ့လို့
အငွေ့ပျံနေတဲ့မျက်ရည်
လေပွေနဲ့ သစ်ရွက်
ချွေးစက်တွေ ချွေရဦးမယ်
တကယ်ပါ စင်သီယာ
ငါမငိုဖူး ...
ပထမဆုံး မင်းအတွက်ငါ
သေခဲ့တာကြာပြီ
မကြွေနဲ့စင်သီယာ
ငါ ..
ငါ့ကဗျာ ဘယ်မှာလဲ
မရဲတရဲ မေးခွန်း
တိုးတိတ်လွန်းမှာသိတယ်
နယ်မချဲ့မီနဲ့ ဝေဒနာ
ငါမနေတတ်ဖူး
အရူးတစ်ယောက်ရဲ့ လွမ်းချင်းကို
မင်းဘာကြောင့် နားထောင်ချင်တာလဲ
အသဲမှာစွဲတဲ့ မြှားချက်ဟာ
လူမသိဘဲ အသက်သေစေတယ်
နွေမှာဖြစ်တဲ့ မိုးတိမ်ဟာ
မုတ်သုန်မလာခင် အိပ်စက်ရဦးမယ်
မင်းရဲ့ နောက်ဆုံးရယ်မောသံမှာ
ငါသေခဲ့ပြီ စင်သီယာ။
ငါ့ကဗျာဘယ်မှာလဲ
ငါမပြောတော့ဖူး
မင်းဦးနှောက်နွံအိုင်တောမှာ
ဘောဂဗေဒဇယားချပ်တွေ
မျက်တောင်ခတ်တဲ့ကိန်းဂဏန်းတွေ
“ငွေ .. ငွေ .. ငွေ ” (မင်းတို့)
ဆိုနေကျ သီချင်းတစ်စမို့
ငါအလွတ်ရနေပြီ
ဒီအမှိုက်ပုံထဲ၊ ငါ့ကိုမဆွဲနဲ့စင်သီယာ ငါမလာနိုင်ဖူး
စူးစူးဝါးဝါးအော်ဟစ်
ချွေးမိုးအောက်နစ်ပါစေ
မင်းပြုံးနေ စင်သီယာ
ငါမပြောတော့ဖူး ..။
မင်းမညာနဲ့
ကွန်ပျူတာနှလုံးသားရှေ့
အသံမဲ့နေတဲ့ တိတ်တစ်ခွေ
မင်းငိုနေသလား .. အချစ်
အက်စစ်မျက်ရည်တွေပဲ
ငရဲဆန်လှတယ်
မင်းဘ၀ ... မင်းအသက်
မင်းဟာ စက်ရုပ်ပဲ
မင်းလုပ်သမျှ ဆန္ဒမဲ့တယ်
ယန္တယားရဲ့ လည်ပတ်မှုဖြစ်စဉ်မှာ
ငွေဟာ လောင်စာပဲ စင်သီယာ
မင်းမညာနဲ့ ...။
မင်းကို ငါချစ်တယ်
ရာစုနှစ်ပေါင်များစွာမှာ
လူတွေဒါပဲ ပြောကြတယ်
ငါ့အတွက်စကား (၅) လုံး
မင်းအပြုံးက ၀ါးမြိုခဲ့
သရော်တဲ့ နှုတ်ခမ်းတွေ
“ချွင်” “ချွင်” မြည်နေတယ်
မြေကြီးသားဘ၀မှာ
အဇ္ဈတ္တိကမီးပုံကြောင့်
ငါ့ရင်အုံလူသတ်ကွင်းထဲ
သားရဲတွေအစာတောင်းပြီး
အသက်နဲ့အညီအမျှ ကျိန်ဆို
မိုးပြိုတယ် စင်သီယာ
မင်းကို ငါချစ်တယ် ။

ကိုငှက်ရေးတဲ့ကဗျာကိုကြိုက်လို့ www.htooeainthin.com ကနေကူးထားတာပါ ။

အချွဲကဗျာ

အခုခေတ်လူငယ်တွေတော်တော်လေးချစ်တတ်လာကြသည်။ကျွန်တော်ဆိုလိုတာ၂၀အောက်လူငယ်တွေပြောပါ
တယ်။ချစ်ကြတယ်ဆိုတာ တကယ်တော့ကောင်းပါတယ်။ဒါပေမယ့် တချို. ကြတော့လည်းတော်တော်လေးချွဲလာ
သဲလာကြတာ တွေ.ရပါတယ်။သူတို. ဘာသာနှစ်ယောက်တည်း ရှိနေချိန်မှာကိစ္စမရှိပေမယ့် လူမြင်ကွင်းထဲမှာဆို
ရင်တော့ ဘေးလူတွေအတွက် တမျိုးကြီးဖြစ်နေတတ်ပါတယ်။ အဲဒီလိုချွဲတတ်တဲ့အတွဲတွေမြင်တိုင်းငယ်ငယ်တုန်း
က ကဗျာလေးတပုဒ်ကိုသတိရမိပါတယ်။လေးတန်းတုန်းကသူငယ်ချင်းတယောက်ဆိုပြခဲ့တာပါ။သူလည်းဘယ်
ကတတ်လာ တာလည်းမသိပါဘူး။ကဗျာလေး ကဒီလိုပါ......

ပတ်ချွဲ ၊ နှပ်ချွဲနဲ့
ပီလောပင် ခွကြား
ပက်ကျိ လင်မယား
နှပ်ချီး ညှစ်တိုင်း ကစား
တွေ့လား တော်တော်လေးချွဲကြတယ်နော်။

"သစ္စာရှာဖို့ မြင်းစီးသူ"

19 June 2008

ဗုဒ္ဓဘာသာဝင်တိုင်း ဖတ်သင့်သောစာအုပ်တစ်အုပ်နှင့်မိတ်ဆက်ပေးချင်ပါ
သည်။အထူးသဖြင့်ကျွန်တော်တို့လိုလူငယ်တွေအတွက်ပိုပြီးသင့်လျော်သည်။
စာအုပ်နာမည်က"သစ္စာရှာဖို့ မြင်းစီးသူ" ၊ ဆရာကျော်ဝင်း ဘာသာပြန်
ထားခြင်းဖြစ်သည်။မူရင်းစာအုပ်မှာ"Buddhism made plain" ဖြစ်၍
ပင်ဆာ(လ)ဗေးနီးယား တက္ကသိုလ်မှ theology ပညာရှင်များဖြစ်သော
Antony Fernando နှင့် Leonard Swiidler တို့၏လက်ရာဖြစ်သည်။
ဤဝတ္တု၏ခေါင်းစဉ်မှာ ဆရာကျော်ဝင်းကသူနှစ်သက်သောကဗျာရှည်ကြီးမှ
စာသားတစ်ပုဒ်ကိုယူထားသည်ဟုအဖွင့်ကျေးဇူးစကား၌ဖေါ်ပြထားသည်။
အခန်းအသီးသီးမှအဖွင့်ကဗျာများမှာလည်းမူရင်းစာအုပ်တွင်မပါပဲအဆိုပါ
ကဗျာရှည်ကြီးဖြစ်သော ဆာအက်ဒဝပ်အာနိုး ရေး၍ ဆရာမောင်သာနိုး
ဘာသာပြန်သော "အာရှတိုက်ရဲ့ အလင်းရောင်" ကဗျာရှည်ကြီးမှ ဖြစ်သည်
ဟု ဆရာကျော်ဝင်းကဝန်ခံထားသည်။အခန်း ၁ မှအဖွင့်ကဗျာကိုဒီလိုစထား
ပါသည်။

ငိမ်တော့ တဏ္ဍက၊ ငြိမ်
မြင်းသည်တော်စီးဖူးသမျှ အဝေးဆုံးခရီး
ငါ့ကိုခုပဲ သယ်တော့
ဒီည
သစ္စာရှာဖို့ငါမြင်းစီးမယ်

မူရင်းစာရေးဆရာများ ရည်ရွယ်သောပရိတ်သတ်မှာ ဗုဒ္ဓဘာသာဝင်များထက်
အခြားဘာသာများ အထူးသဖြင့် ခရစ်ယာန်နှင့်ဂျူးများ အတွက်ဖြစ်သည်။
ကမ္ဘာ့ဘာသာကြီးများအကြား အပြန်အလှန်နားလည်စေရေးအတွက်
ရည်ရွယ်ပြုစုကြခြင်းဖြစ်သည်ဟု ဆိုသည်။ထို့ကြောင့်ရေးပုံက ခေတ်မှီသွက်
လက်၍ လူသားဘဝနှင့်လွန်စွာနီးစပ်သည်။ ဗုဒ္ဓ၏ ဖြစ်စဉ် နှင့်တန်ခိုး များထက် ဗုဒ္ဓပြောချင်သောသံသရာလွတ်မြောက်ရာလမ်းကို သိပ္ပံနည်းကျ
ချည်းကပ်ထားသဖြင့် ကျွန်တော်တို့လူငယ်တွေ အကြိုက်တွေ့နိုင်သောစာအုပ်ဖြစ်သည်။
လူငယ်တွေအပေါ်ထားသောဆရာကျော်ဝင်း၏စေတနာကိုနားလည်မိပါသည်။
ထာဝရ သိမ်းထားသင့်သော စာအုပ်တစ်အုပ်ဖြစ်သည်။



လူကြီးလူကောင်းများ

17 June 2008


ကမ္ဘာရဲ့အောက်ဆုံးအလွှာ
ချွန်းမရှိသောဆင်ရိုင်းများ
တွယ်ရာမဲ့တီးလုံးသံတွေကြားမှာ
အချစ်ကိုအဿပြာနဲ့ ရောင်းတယ်
ရနံ့တွေညှီစို့စို့နဲ့
စံပါယ်မပွင့်တဲ့တောအုပ်တွေက
စက်သေနတ်သံလိုရယ်မော
မီးပုံတွေဖိုကြပြီး
ကမ္ဘာဦးကျမ်းကိုဖတ်ကြတယ်
ပုံရိပ်တုတွေများတဲ့ည
မှော်ဝင်ဗုံသံတွေနဲ့
ခုနှစ်လွှာလှိုင်းအောက်မိန်းမော
လက်သမားဆရာကိုမမြင်နိုင်တော့
ဒီမီးပုံထဲပဲတိုးခဲ့ကြပြန်တယ်

သင်းကွဲ

ဘယ်သူ့ခွင်ပြုချက်နဲ့
ဒီနေရောင်က ဝင်လာရတာလဲ
တဆိတ်လောက်ဗျာ
တံခါးတွေပိတ်လိုက်စမ်းပါ
အလင်းရောင်တွေကိုမုန်းတယ်.....
မှော်ဆန်ဆန်ပြကွက်တွေနဲ့
ဝင်္ကပါလိုနေ့ရက်တွေထဲမှာ
တချို့ကျည်ဆန်တွေ
နောက်ကလာတတ်လို့
အပြုံးတွေကိုမုန်းတယ်......
ဂစ်တာတစ်လက်ကိုရိုက်ချိုး
သွေးကြောထဲမှာအဖျက်ပိုးတွေနဲ့
ကိုယ့်ဆန္ဒကိုယ်ကြိုးစင်တင်ပြီး
ကိုယ့်အိပ်မက်ကိုယ်မီးတင်ရို့တတ်လို့
ငါ့ကိုယ်ငါလည်းမုန်းတယ်.......

သူငယ်ချင်း

16 June 2008

သူငယ်ချင်း ယဉ်မင်းသွင် ရဲ.ကဗျာလေးပါ။ကျောင်းတုန်းကအမှတ်တရအဖြစ်
ဖေါ်ပြပေးထားပါတယ်။ကြိုက်ကြမယ်လို့ ထင် ပါတယ်။

Success Language ရဲ့အလှူ


နာဂစ်မုန်တိုင်းအလွန်တစ်လအကြာမှာ အလှူရှင်များအနေနဲ့ ဒုက္ခသည်များရဲ့ 
လတ်တလောစားဝတ်နေရေးထက် ၎င်းတို့ရဲ့ဘဝပြန်လည် ထူထောင်ရေး
အတွက် ဦးစားပေးလှူဒါန်းလာတာကိုတွေ့ရပါတယ်။English language training center တစ်ခုဖြစ်တဲ့ Success Language Academy မှလည်း
အောက်ပါအတိုင်းနိုးဆော်ထားပါတယ်။
ဆက်သွယ်လှူဒါန်းလိုသူများပုံပါလိပ်စာသို့ဆက်သွယ်ကြပါရန်

ဆိုးတဲ့သူငယ်

ကောင်းကင်ဘုံမှာပုစ္ဆာရှိသလား။ကောင်းကင်ဘုံပုစ္ဆာရှိတယ်။အဲဒါကတော့လူ
သားတွေကိုဘယ်လိုကယ်တင်ရမလဲဆိုတာပဲ။လူတို့ဘုံကမ္ဘာ
မှာပုစ္ဆာရှိသလား။လူတို့ဘုံကမ္ဘာမှာပုစ္ဆာရှိတယ်။အဲဒါကတော့ကောင်းကင်ဘုံ
ကိုဘယ်လိုအကူအညီတောင်းရမလဲဆိုတာပဲ။ကျွန်တော်ဟာငယ်ငယ်တုန်း
ကစာအုပ်တအုပ်ထဲမှာအဲဒီအကြောင်းတွေဖတ်ခဲ့ဖူးတယ်။အဲဒီအချိန်ကစပြီး
ကျွန်တော်ဘယ်တော့မှပုစ္ဆာမတွက်တော့ဘူး။
စာအုပ်အမည်။ ။မြည်နေတဲ့ထရမ်းပက် ဝတ္တုတိုငယ်စု
စာရေးဆရာ။ ။နေမျိုး
အမျိုးအစား။ ။ပို့စ်မော်ဒါန်

မေးခွန်း

ဘကြီးလှရဲ့လား။ဘကြီးကကောင်မလေးကိုမေးတယ်။ကောင်မလေးကဘကြီး
ကိုကြည့်ပြီးလှတော့လှတယ်။ဒါပေမယ့်အဟိတဲ့။ကောင်မလေးဆိုပေမယ့်
ကောင်မလေးကယောကျာင်္းသုံးယောက်ခွဲရဖူးသူပါ။
ဘကြီးမေးတော့ကောင်မလေးကပြန်မေးတယ်။လှရဲ့လားဘကြီးတဲ့။ဘကြီး
ကကောင်မလေးကိုကြည့်ပြီးလှတော့လှတယ်။ဒါပေမယ့်အဟင်းတဲ့။ဘကြီး
ကလည်းမိန်းမဆယ်ယောက်လောက်ရဖူးသူတဲ့။ဒီလိုအဖြစ်အပျက်တွေရှိတယ်။
ဒါကိုအချစ်လို့ခင်ဗျားထင်လားဟင်။
စာအုပ်အမည်။ ။မြည်နေတဲ့ထရမ်းပက် ဝတ္တုတိုငယ်စု
စာရေးဆရာ။ ။နေမျိုး
အမျိုးအစား။ ။ပို့စ်မော်ဒါန်