သင်းကွဲ

17 June 2008

ဘယ်သူ့ခွင်ပြုချက်နဲ့
ဒီနေရောင်က ဝင်လာရတာလဲ
တဆိတ်လောက်ဗျာ
တံခါးတွေပိတ်လိုက်စမ်းပါ
အလင်းရောင်တွေကိုမုန်းတယ်.....
မှော်ဆန်ဆန်ပြကွက်တွေနဲ့
ဝင်္ကပါလိုနေ့ရက်တွေထဲမှာ
တချို့ကျည်ဆန်တွေ
နောက်ကလာတတ်လို့
အပြုံးတွေကိုမုန်းတယ်......
ဂစ်တာတစ်လက်ကိုရိုက်ချိုး
သွေးကြောထဲမှာအဖျက်ပိုးတွေနဲ့
ကိုယ့်ဆန္ဒကိုယ်ကြိုးစင်တင်ပြီး
ကိုယ့်အိပ်မက်ကိုယ်မီးတင်ရို့တတ်လို့
ငါ့ကိုယ်ငါလည်းမုန်းတယ်.......

1 ယောက် မှတ်ချက်ပေးခဲ့သည်:

Unknown said...

ငါ့ကိုငါလည်းမုန်းတယ်တဲ့...ကြိုက်တယ်အစ်ကိုရေ ရေးသားချက်ကိုတော့...အားပေးနေတယ်အစ်ကိုရေ..