ဟာသ (၁)

28 June 2008

အမဲလိုက်ရာ မှပြန်လာသောသူငယ်ချင်းနှစ်ယောက် တောထဲတွင်ဆုံကြသည်။
"ဘာတွေရခဲ့လဲသူငယ်ချင်း"
" ဒီနေ့တော့ဘာမှမရ ခဲ့ဘူးကွ။ဒါပေမယ့် ဟိုနေ့ကနည်းသစ် တခုသုံးလိုက်တာဝက်ဝံတစ်ကောင်တော့
ရထားတယ်"
" တယ်ဟုတ်ပါလား။ငါ့ကိုလည်းနည်လေးဘာလေး ပေးစမ်းပါဦး"
"လွယ်လွယ်လေး ပါကွာ။ပထမဆုံး သားကောင် ရှိနိုင်တဲ့ ဂူရှေ့သွား။သေနတ်နဲ့ ချိန်ထားပြီး ဟေးဟေး
ဟားဟား အော်လိုက်။ထွက်လာရင် ပစ်လိုက်ရုံပဲ"
ငါစမ်းကြည့် လိုက်ဦးမယ်
တပတ်လောက်ကြာသောအခါပြန်တွေ့ကြသည်။
" ဟာ...မင်းတကိုယ်လုံးလည်း ဒါဏ်ရာတွေနဲ့။ဘယ်လိုဖြစ်တာလဲ"
" မင်းပြောတဲ့ နည်းသုံးလိုက်မိလို့"
"မင်းဂူေ.ရှသွား ပြီးသေနတ်နဲ့ မချိန်ဘူးလား"
" ချိန်ထား တာပဲ"
" ဒါဖြင့် ဘာကောင် ကြီးထွက်လာလဲ"
" ရထားကြီး ထွက်လာတယ် သူငယ်ချင်း"

0 ယောက် မှတ်ချက်ပေးခဲ့သည်: