ကျိုက်ပွန်ဘုရားပွဲဈေး(၂၀၁၆)
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
6 days ago
သုံးဆယ်ကျော်တနင်္ဂနွေများ
အစိမ်းရောင်အပင်တွေ ပိုစိုက်မယ်
မြေနီလမ်းလေးပေါ်မှာ စက်ဘီးတွေစီးကြမယ်
ငယ်ငယ်တုန်းကလို တိမ်တွေကိုငေးကြည့်မယ်
ခြံထဲက သစ်ရွက်ခြောက်လေးတွေကို
လှဲကျင်းပြီး မီးပုံရှို့မယ်
ငါ့ကလေးနှစ်ယောက်ရဲ့ ရယ်သံ၊ငိုသံတွေရှိတော့
ခေါင်းလောင်းလေးတွေ ဆည်းလည်းလေးတွေတော့
အိမ်မှာမလိုဘူးပေါ့
နွေးနွေးထွေးထွေး နေရောင်ခြည်ရတဲ့
မနက်တွေမှာဆို
ငါ့ဇနီးပြင်ပေးတဲ့ မနက်စာကိုစားရင်း
စာအုပ်တွေဖတ်ရမယ်
အသက်သုံးဆယ်ကျော်မှာ
လောဘတကြီးလိုအပ်တာအားလုံး
ဒီလိုတနင်္ဂနွေတွေမှာတော့
မေ့ထားနိုင်အောင် ငါကြိုးစားရဦးမယ်လေ
ရေးသားသူ....... မောင်ဖားကြီး 0 ယောက် မှတ်ချက်ပေးခဲ့သည်
Diseño por Nodethirtythree | A Blogger por Blog and Web