ဒီနေ့ ရန်ကုန် BUS

31 July 2008

မြို့ထဲကလမ်းမကြီးတွေပေါ်မှာbusကားတွေကိုညာဘက်တစ်လမ်းတည်းကမောင်းစေတဲ့စနစ်ကိုစတင်ကျင့်သုံးနေ
ပြီဗျို့ ။နိုင်ငံတကာမှာသုံးတဲ့နည်းဆိုတော့သာမာန်စဉ်းစားလိုက်ရင်တော့အဆင်ပြေတယ်ပေါ့။ဒါပေမယ့်လက်တွေ့
မှာတော့ စံပြကနေ ဆူးလေ ကိုဘတ်(စ) ကားစီးရင်လေးဆယ့်ငါးမိနစ်လောက်ကြာသွားပါတယ်။busကားတွေက
လည်းရန်ကုန်လူဦးရေနဲ့ အပြိုင်တစ်နေ့တစ်ခြားတိုးလာပါတယ်။ကားလိုင်းပေါင်းစုံဆုံတဲ့မြို့ထဲလိုနေရာမျိုးကျတော့
တော်တော်လေးသိသာသွားပါတယ်။ယာဉ်ကြောတစ်ဖက်တည်းကနေမောင်းရတာဆိုတော့ကားတွေထပ်ပြီးကျပ်
ကုန်ပါတယ်။ ဒီကြားထဲ မော်တင်ကနေမှစထွက်တဲ့လိုင်းကားတွေကမြို့ထဲမှာတင်လူရတော့တစ်မှတ်တိုင်မှာကမ္ဘာ
ချီပြီးရပ်နေတတ်ပါတယ်။နောက်ကားတွေကလည်းကျော်ရင် ၃၃၀၀၀ ကျပ်ဆိုတော့ ရပ်စောင့်နေရပြီးလမ်းပေါ်မှာဒေါသတွေ များလာပါတယ်။ ယာဉ်ထိန်းရဲတွေလည်း စည်းကမ်းစသတ်မှတ်တဲ့ တစ်ပတ်၊ နှစ်ပတ်ကတော့ မှတ်တိုင်တွေမှာကြာကြာမရပ်ဖို့ဝီဆီ မှုတ်ပြီး ဒါဏ်ရိုက်တာ တွေဘာတွေလုပ်ပါတယ်။
နောက်တော့ဘယ်ပျောက်ကုန်လည်းမသိပါဘူး။ ဒါပေမယ့်ကျော်တက်ရင်တော့ ဘယ်ကနေဘယ်လိုပေါ်လာ
တယ် မသိပေါ်လာတတ်ပါတယ်။ကိုယ်ပိုင်ကားစီးနေတဲ့ လူတွေအတွက်ကိစ္စမရှိပေမယ့် ဘတ်(စ)ကားစီးနေရ
တဲ့သာမန်ပြည်သူတွေ အတွက်တော့ ရုံးနောက်ကျ ဘာနောက်ကျနဲ့ တော်တော်လေးဒုက္ခ ရောက်ပါတယ်။
တကယ်ဆို လေးလမ်းရှိတဲ့အနက် နှစ်လမ်းကို bus တွေပေးမောင်းလိုက်ရင်အကုန်အဆင်ပြေမယ်ထင်ပါတယ်။
ညာဘက်ဆုံးကိုတော့ bus တွေရပ်ချင်လည်းရပ်ကြပေါ့။ဒီ့အပြင် လမ်းပေါ်တက်ရပ်ပြီး ခရီးသည်တင်ရင်တော့
ထိုက်သင့်တဲ့ ဒါဏ်ငွေရိုက်။ ဒါဆိုရင်နည်းနည်းလေးလိုက်နာချင်လာကြမယ်ထင်ပါတယ်။ ဗျာ...... ကိုယ်ပိုင်ကား
စီးသူတွေ အတွက်လား...? သူတို့က ဘယ်ဘက်စွန်နှစ်လမ်းမှာပဲ အဓိက ထားမောင်းတော့ကိစ္စတော့သိပ်မရှိပါ
ဘူး။စိတ်ထဲရှိလို့သာ ရေးရတာ ကိုယ့်ဆရာ ဘိုးတော်တွေက ကြိုက်ပါ့မလားမသိဘူး။ဒါပေမယ့် အကြောင်းမဟုတ်
ပါဘူး ကိုယ့် ဘလော့ ကနာမည်ကြီးမှမဟုတ်တာ။ဖြစ်စေချင်တာလေးတွေရေးထားတာ ကြုံလို့ဖတ်သွားတော့
လည်း ရန်ကုန်အကြောင်းလေးသိသွားတာပေါ့ ။ ဘိုးတော်တွေလည်း လူထုတကယ်အဆင်ပြေစေမယ့် policy
တွေကို လက်တွေ့ ဖြစ် မဖြစ် စဉ်းစားပြီးကျင့်သုံးနိုင်ကြပါစေ ခင်ဗျာ..........

မရှိမဖြစ် wiki ခေတ်

28 July 2008

အားလုံးသိကြတဲ့အတိုင်း အခုခေတ်က ကိုးကားစရာစွယ်စုံကျမ်းဆိုရင် wiki ကိုထိပ်ဆုံးကနေစဉ်းစားလာရပါပြီ။
wiki ကလည်းနှစ်အနည်းငယ်တွင်းမှာတင် အချက်လက်ပေါင်းများစွာတိုးပွားလာခဲ့တာကိုး။ဒါဟာ လူထုကို လွတ်လပ်စွာရေးသားခွင့်ပေးထားတဲ့အတွက်လည်းဖြစ်ပါတယ်။အခုဆိုရင်တက္ကသိုလ်ကျောင်းသားတွေ၊ပါမောက္ခတွေ၊
သုတေသနပညာရှင်တွေ နဲ့ တခြားနယ်ပယ်အသီးသီးကလူတွေကပါ online စွယ်စုံကျမ်းဆိုရင်wiki ကိုပြေးမြင် လာပါပြီ။လူတိုင်းပါဝင်ရေးသားနိုင်တဲ့အတွက် မှားယွင်းချက်တွေလည်းရှိနိုင်ပါတယ်။
ဟိုတစ်ပတ်ထုတ် အင်တာနက်ဂျာနယ်မှာwikiမှာမြန်မာဘာသာနဲ့ဖတ်နိုင်ပြီဆိုတာနဲ့အားရ၀မ်းသာဝင်ဖတ်လိုက်
တာ....ဟုတ်ကဲ့ ဘာမှဖတ်လို့မရပါဘူး။တစ်ခါမှမမြင်ဖူးတဲ့ fontပုံစံတွေပါဝင်နေပါတယ်။ဘာfontမှန်းမသိပေမယ့်
zawgyi,win, တစ်ခုမှမဟုတ်ဘူးဆိုတာတော့သိလိုက်ပါတယ်။ကျွန်တော်တို့ ကဆိုင်တွေကနေသုံးကြရတာပါ။
ကျွန်တော်ထင်တာမမှားဘူးဆိုရင်တော့ မြန်မာပြည်က အင်တာနက်သုံးသူ ၉၀% နီးပါးဟာ ဆိုင်တွေကနေပဲ
internet သုံးကြရတာပါ။ဒီလူတွေမှမဖတ်နိုင်ရင်တော့ ဘာသွားလုပ်ရမှာလဲဗျာ။
ကျွန်တော်တို့က IT နည်းပညာနဲ့ဝေးပါတယ်။ဒါနဲ့ဟိုနေ့က မြန်မာblogger ကိုမောင်လှရဲ့ post ကိုဖတ်မိတော့
မှသြော်ဒါ့ကြောင့်ကိုးဆိုပြီးသိသွားပါတယ်။ဒီ http://my.wikipedia.org ဟာ unicode 5.1 အတိုင်းအတိအကျ
လိုက်နာထားတဲ့ မြန်မာ font ကိုသုံးထားမှဖတ်လို့ရပါတယ်တဲ့။ဒါဆိုရင်ဘယ်လိုလုပ်ကြမှာလဲ ။
ဟုတ်ကဲ့...မပူပါနဲ့ အခု zawgyi font ရှိရင်ဖတ်လို့ရတဲ့ http://wikimyanmar.org ဆိုတာလာပါပြီ။ တည်ထောင်ထားတာမကြာသေးပေမယ့် အခုဆိုရင်အချက်လက်ပေါင်း ၂၅၀ ကျော်နေပါပြီ။အားရစရာပါပဲ...
ကျွန်တော်တို့တွေစည်းစည်းလုံးလုံးနဲ့ ဒီ online စွယ်စုံကျမ်းကြီးမှာဝင်ရောက်ရေးသားဖို့ အားလုံးကိုတည်ထောင်
သူများကိုယ်စား ဖိတ်ခေါ်ပါတယ်။
မြန်မာတွေရဲ့ ကိုးကားစရာအပြည့်စုံဆုံး online စွယ်စုံကျမ်းကြီးဖြစ်လာပါစေဗျာ.........

ရယ်စရာ မောစရာ

16 July 2008

မှားသွားလို့ပါ
ဝတ်ရုံတော်က ကြယ်သီးပြုတ်သွားလို့ ကုန်းကောက်တဲ့ဘုရင်ကြီးကိုသက်တော်ရှည် အမတ်ကြီးက နောက်ကနေ
တင်ပါးကို သွားရိုက်လိုက်ပါတယ်။ဘုရင်ကြီးလည်းရှက်သွားပြီး အမတ်ကြီးကိုသေဒဏ်ပေးဖို့ပြောလိုက်တယ်။
ဒါပေမယ့်လည်း သက်တော်ရှည်အမတ်ကြီးဖြစ်နေလို့ အကြောင်းရှိရမယ်ဆိုပြီး ဘုရင်ကြီးက ဒီိလိုမိန့်ကြားပါတယ်။
"မောင်မင်း ငါ့တင်ပါးကိုဘာကြောင့်ရိုက်သလဲဆိုတာ အကြောင်းပြချက်ပေးနိုင်ရင် သေဒဏ်ကနေချမ်းသာပေးမယ်။"
ဒါနဲ့အမတ်ကြီးကလည်းအားရ၀မ်းသာနဲ့ ပြန်လည်လျှောက်ထားပါတယ်။
"တကယ်တော့ ကျွန်တော်မျိုး ကြီးအပြစ်ပါ။အရှင်မင်းကြီး ကိုမိဖုရား ကြီးနဲ့မှားသွားလို့ပါ။"
ဘယ်သူအရင်စခဲ့သလဲ
ဆိုဗီရက်ခေါင်းဆောင်ကြီး ခရူးရှက်နိုင်ငံအတွင်းလှည့်လည်ရင်းနယ်မြို့လေးတစ်မြို့သို့ရောက်သွားသည်။ထိုမြို့
မှ အဘိုးအို တစ်ယောက်အား ခရူးရှက်မေးသည်။
"အဘိုး မဟာဆိုရှယ်လစ်တော်လှန်ရေး ကြီးမတိုင်မှီနဲ့ အခုနဲ့ ဘာတွေကွာသွားတယ်လို့အဘိုး ထင်လဲ"
"ဘာတွေ ကွာသွားလဲတော့ ကျုပ်လဲ သေချာမသိဘူး။ဒါပေမယ့် တော်လှန်ရေးကြီးမတိုင်ခင်က ကျုပ်မှာအ၀တ်နှစ်စုံ ခြေအိတ်နှစ်စုံ ဘောင်းဘီနှစ်စုံရှိတယ်။ဒါပေမယ့် အခုတစ်စုံစီပဲရှိတော့တယ်။ရှိတဲ့ဟာတွေ
ကလည်း အကုန်စုတ်နေပြီ။"
ခရူးရှက် ကဘာမှအံ့သြဟန်မပြပဲ ခပ်အေးအေးပဲပြန်ပြောသည်။
"ကိစ္စတော့ မရှိပါဘူး အဘိုး အာဖရိက ကလူတွေဆိုရင်အ၀တ်အစား တစ်စုံတောင်ရှိတာမဟုတ်ဘူး"
"ဘာ.... မဟာဆိုရှယ်လစ်တော်လှန်ရေး ကြီးကသူတို့တွေအရင်စခဲ့တာပေါ့။ မသိပါဘူး ကျုပ်က ကျုပ်တို့တွေ အရင်စခဲ့တယ် ထင်တာ"
ငွေကုန်သက်သာတဲ့နည်း
ပြင်သစ် company တစ်ခုဧ။် နှစ်ပတ်လည်ပျော်ပွဲရွှင်ပွဲကျင်းပရန်အတွက် အစည်းအဝေးကျင်းပနေသည်။
Director လုပ်သူက ငွေအနည်းငယ်သာသုံးချင်သည်။ထို့ကြောင့်အစည်းအဝေး၌တင်ပြသည်။
"ကျွန်တော်တို့ ရဲ့ နှစ်ပတ်လည်ပျော်ပွဲရွှင်ပွဲကိုငွေ အနည်းငယ်ပဲကုန်စေချင်တယ်။ဒါပေမယ့် ကျွန်တော်တို့ company ကိုလည်းကျော်ငြာပြီးသားဖြစ်အောင် ဒီပွဲကြီးရဲ့ အကြောင်းကို ဂျာနယ်တွေကတစ်ဆင့် ပြင်သစ်တပြည် လုံးလည်းသိစေချင်တယ်။ဝန်ထမ်းအားလုံး လည်းပျော်ရွှင်စေရမယ်ဗျာ။ငွေကိုတော့ တတ်နိုင်
သမျှ လျှော့ရမယ်။ နားလည်လား"
တစ်ယောက်တစ်ပေါက် အမျိုးမျိုး ပြောကြသော်လည်း ဖြစ်ချင်တာတွေနှင့်မကိုက်သောကြောင့် Director ကပယ်ချနေသည်။နောက်ဆုံးထောင့်မှ အသံတစ်သံထွက်လာသည်။
"ဒီလိုလုပ်ပါ။ Director ကြီး အီဖယ်(လ်) မျှော်စင်ပေါ်ကနေခုန်ချလိုက်ပါ။ငွေကလည်း မျှော်စင်ပေါ်တက်ခပဲ
ကုန်မှာပါ။ပြီးတော့ ကျွန်တော်တို့ company က Director ကြီးဆိုပြီးတစ်တိုင်းပြည်လုံးက ကျွန်တော်တို့ ကို
သိသွားမှာပါ။အဲ... ၀န်ထမ်းတွေရဲ့ ပျော်ရွှင်မူ့ကတော့ အတိုင်းထက်အလွန်ပဲ ဖြစ်မှာပါ ခင်ဗျ"

သမိုင်းမှာမသင်ရတဲ့ ပထမကမ္ဘာစစ်

8 July 2008

ပထမကမ္ဘာစစ်ကြီးပြီးသွားတာကြာခဲ့ပါပြီ။၁၉၁၄-၁၉၁၈ဆိုတော့ခုဆိုရင်နှစ်ကိုးဆယ်လောက်ရှိပြီပေါ့။
အားလုံးသိကြတဲ့အတိုင်းဂျာမာန်တွေနဲ့မဟာမိတ်တွေနဲ့ပြဿနာတက်လို့ဖြစ်ကြတဲ့စစ်ပွဲကြီးပါ။ဒါပေမယ့်ဆရာမောင်ဝံသ
ရေးတဲ့မှတ်ဖွယ်သုတ(၁)ဆိုတဲ့စာအုပ်ထဲမှာတော့ကျွန်တော်တို့မသိတဲ့ဘက်ကအမြင်တွေကိုရေးပြထားပါတယ်။
လူသားဆိုတာဒီလိုပါလားဆိုတာနဲ့အဲဒီခေတ်ကအခြေအနေတွေကိုသမိုင်းမှာသင်ထားရတာတွေမပါပဲအမြင်ဆန်းတွေ တင်ပြထားလို့ တော်တော်လေးကောင်းပါတယ်။ တချို့ အကြောင်းအရာတွေကို ထုတ်နှုတ်ပြီး ကျွန်တော် ရေးထားပါတယ်။ ဖတ်ကြည့်ကြ ပါ။
ဘယ်သူတွေလဲ
ပထမ ကမ္ဘာစစ်ကြီးဟာ နိုင်ငံအုပ်စုကြီး နှစ်ခုတိုက်ခိုက်ကြတာပါ။ ဗြိတိန်၊ပြင်သစ် နဲ့ ရုရှားတို့ ပါဝင်တဲ့ မဟာမိတ်
နိုင်ငံတွေနဲ့ ဂျာမနီ၊သြစတြီးယား၊ဟန်ဂေရီ နဲ့တူရကီ တို့ပါဝင်တဲ့ ဗဟိုအင်အားကြီးနိုင်ငံများ ဆိုပြီး ဥရောပ နိုင်ငံ
ချင်းတိုက်ကြတာပါ။စစ်ပွဲကြီးပြီးတော့ မဟာမိတ်တွေက နိုင်ပြီး ဗဟိုအင်အားကြီးတွေက ရှုံးနိမ့် ခဲ့တယ်။
စစ်ကြီးမဖြစ်ခင် ကဤကမ္ဘာ
၁၉၁၄ ခုနှစ် မတိုင်မှီက ကမ္ဘာကြီးဟာ အင်မတန်အေးချမ်းသာယာတယ်။ခေတ်မှီလူ့အသုံးအဆောင်တွေတီထွင်
ပြီးပေမယ့် ဈေးကြီးလို့ ဘယ်သူမှ မသုံးနိုင်ကြသေးဘူး။
လေယာဉ်ပျံတွေ ပေါ်နေပြီ။ဒါပေမယ့် တွင်တွင်ကျယ်ကျယ်မသုံးနိုင်သေးဘူး။
ကား၊အ၀တ်လျှော်စက်၊ဖုန်စုပ်စက်၊ရေခဲသေတ္တာ၊ရေဒီယို၊ လျှပ်စစ်မီး၊အပူပေးစက်တွေပေါ်နေပြီ။တယ်လီဗေးရှင်း
တော့ မတီထွင်ရသေးဘူး။ခေတ်မှီပစ္စည်းတွေက တီထွင်ပြီးပေမယ့် လူတွေကြားထဲမရောက်သေးဘူး။
လူတွေရဲ့ နေထိုင်မှု့ အဆင့်အတန်းက ကျန်းမာရေးနဲ့ မညီညွတ်ပဲ ကျပ်ကျပ်သိပ်သိပ်နေထိုင်ကြရတယ်။
ဆင်းရဲသားတွေဟာ အစားအသောက် လည်းဆင်းရဲကြတယ်။ ဒါကြောင့်ဆင်းရဲသားတွေဟာ ချမ်းသာတဲ့ သူတွေ
ထက် အရပ်ပုတယ်။
စစ်ကြီးဖြစ်တော့ ဆင်းရဲသားတွေက တပ်သားဖြစ်ပြီး ချမ်းသာတဲ့ မိသားစုကပေါက်ဖွားလာတဲ့ ပညာတတ်တွေ
က အရာရှိတွေ ဖြစ်လာတယ်။ဒါကြောင့်အင်္ဂလိပ် စစ်တပ်မှာ အရာရှိတွေက အရပ်ရှည်ပြီး စစ်သားတွေက အရပ်
ပုကြတာကို သိသိသာသာတွေ့ ရတယ်။
ဘယ်သူတွေအုပ်ချုပ်သလဲ
တကယ်တော့ အဲဒီအချိန်က ဥရောပနိုင်ငံတွေဟာကိုယ့်တိုင်းပြည်အကောင်းဆုံးဆိုပြီးသွေနားထင်ရောက်နေကြ
တယ်။အုပ်ချုပ်သူတွေ ဘုရင်၊ဘုရင်မ တွေဟာ ခြေချင်းဆက်ထားကြလို့ ဆွေမျိုးလှည့်ပတ်တော်နေကြတာတဲ့။
အမျိုးတွေမို့ တည့်ကြမယ်လို့ ထင်ကြရင်မှားမယ်။ဖြေရှင်းလို့ မရကြပါဘူး။ရွှေနန်းရှင်တွေဟာ ရူးရင်ရူင်း၊မရူးရင်
မိုက်မဲ၊ မဟုတ်ရင် မာန်တက်၊ မဟုတ်ရင် သုံးမျိုးလုံးဖြစ်နေ ကြသူကြီးပါပဲ။
ပေါ်လာတတ်တဲ့ကောလဟာလတွေ
၁၉၁၄ခုသြဂုတ်လ၄ရက်မှာဂျာမနီကိုဗြိတိန်ကစစ်ကြေညာလိုက်တဲ့အခါတစ်နိုင်ငံလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်
အင်္ဂလန်မှာ နေတဲ့ ဂျာမန်ကုန်စုံဆိုင်ရှင်တစ်ယောက်က အင်္ဂလိပ်လူမျိုးတွေကို အဆိပ်ခတ်ထားတဲ့ အစားအစာ
တွေရောင်းလိုက်လို့ ဖမ်းလိုက်တယ်ဆိုတာမျိုး
အင်္ဂလန်မှာနေတဲ့ ဂျာမန်ဆံပင် ညှပ်ဆရာတယောက်က ဆံပင်လာညှပ်တဲ့ အင်္ဂလိပ်လူမျိုးတွေ ကိုလည်ပင်းဖြတ်
ဖို့ ကြံစည်နေတယ် ဆိုတာမျိုး
အင်္ဂလန်ပြည် နေရာအနှံ့အပြားမှာ ဂျာမန်သူလျှိုတွေရောက်နေ ပြီ။ဓါတ်ပုံတွေ ရိုက်နေပြီဆိုတာမျိုးတွေပေါ့။
ဒါပေမယ့် ဒီကောလဟာလတွေဟာ တကယ်တော့လုံးဝမမှန်ပါဘူး။အင်္ဂလန်မှာနေတဲ့ ဂျာမန်တွေဟာ လုပ်ကြံ
ရဲဘို့နေနေသာ ရန်သူ့နိုင်ငံ မှာမနေရဲလို့ ပြေးဘို့ကြိုးစားနေကြတယ်။မပြေးနိုင်တဲ့ ဂျာမန်တွေကိုလည်း ထိန်းသိမ်း
ရေး စခန်းတွေဆီ ဖမ်းပြီးပို့လိုက်တယ်။
တိုက်ပွဲခေါ်သံများ
စစ်စတင် ကြေငြာ လိုက်တာနဲ့ဗြိတိသျှလူမျိုးထောင်ပေါင်းများစွာဟာ စစ်တပ်ထဲဝင်ဖို့ချက်ချင်းရောက်လာကြပါ
တယ်။ပထမ လအကုန်ထိစစ်တပ်ထဲကို တစ်နေ့လူပေါင်း ၃၀၀၀၀ ခန့်ဝင်ရောက်ခဲ့ကြတယ်။လီဗာပူးလ် စကော့ရှ်
တပ်ရင်းကိုဝင်ဖို့တန်းစီကြသူတွေဟာ နှစ်မိုင် လောက်ရှည်လျားနေပါတယ်တဲ့။
ဗြိတိန်ုသာမက ဥရောပ တစ်ခွင်လုံးမှာစစ်သွေးကြွနေကြတယ်။ကဗျာဆရာတွေကလည်းလှုံ့ဆော်ရေးကဗျာတွေ
ရေးလိုက်ကြတာ ၁၉၁၄ခု သြဂုတ်လမှာ ဂျာမနီတစ်နိုင်ငံတည်းတင် ကဗျာပုဒ်ရေတစ်သန်းခွဲပေါ်ထွက်ခဲ့တယ်တဲ့။
ဘုရားသခင်ဘယ်ဘက်ကလဲ
စစ်ထဲဝင်တာကိုလူတိုင်းကမထောက်ခံကြပါဘူး။ဒါကြောင့်တချို့ကကြွေးကြော်သံတွေနဲ့စစ်ပွဲကိုဆန့်ကျင်ခဲ့ကြတယ။်
ွအဲဒီအခါ ငှက်မွှေးဖြူလှုပ်ရှားမှု့ ပေါ်ပေါက်လာတယ်။စစ်ထဲမ၀င်တဲ့ လူငယ်တွေကိုမိန်းမပျိုတွေက ရင်ဘတ်မှာ
ငှက်တောင်မွှေးအဖြူလိုက်ထိုးပေးပြီး သူရဲဘောကြောင် ဘွဲ့ပေးခဲ့ကြတာပါပဲ။
တချို့ကလည်း ဘုရားသခင်ဘယ်လိုမိန့်ကြားတယ်ဆိုပြီး ကိုယ်လိုရာဆွဲပြောကြတယ်။ ရန်သူကိုချေမှုန်းတာကို
ဘုရားသခင်က နှစ်ထောင်းအားရ ဖြစ်တယ် လို့ ရုရှားဘုရာရှိခိုးကျောင်းတွေကနှိုးဆော်တယ်။ဂျာမန်တရားဟော ဆရာတစ်ယောက်ကလည်းတန်ဖိုးမရှိသူတွေကိုသုတ်သင်ခြင်းသည်ကုသိုလ်ပြုခြင်းပဲလို့ဟောသတဲ့။
ဘုရားသခင်ဘယ်ဘက်ကလိုက်ရမှန်းမသိအောင် အသုံးချခံရတာပါပဲ။
ကွန်ချီးဆိုတာ ဘယ်သူတွေလဲ
ြှဗိတိန်မှာ စစ်ထဲဝင်ဖို့ဆန့်ကျင်သူတွေကို ဆန္ဒစွဲနဲ့ ကန့်ကွက်သူများ Conscientious Objectors လို့ခေါ်တယ်။
အတိုကောက်ကွန်ချီး Conchies လို့ခေါ်ပါတယ်။ကွန်ချီးတွေကို သူရဲဘောကြောင်တယ်လို့ဆိုပေမယ့် သူတို့ဟာ
စစ်သွေးကြွရောဂါထနေကြချိန်မှာ အများဆန္ဒကိုဆန့်ကျင်ပြီးနေရဲလို့ သတ္တိပြောင်သူများလို့ တစ်နည်းအားဖြင့်
အသိအမှတ်ပြုခံရပါတယ်။ကွန်ချီးတွေ ဘယ်လိုပဲဆန့်ကျင်ပေမယ့် မအောင်မြင်ခဲ့ပါဘူး။နောက်ဆုံးတော့ ကွန်ချီး
တွေဟာလည်း စစ်ထဲအတင်းသွင်းခံခဲ့ ရပါတယ်။တချို့ကိုလည်း စိတ္တဇ ဆေးရုံပို့လိုက်ပြီး အပြတ်အသတ် နှိမ်နှင်း
လိုက်ကြပါတယ်။
ရွှံ့ညွှန်တွေထဲက ဘဝ
စစ်သားတွေဟာ ရန်သူ့ကျည်ဆန်ကိုရှောင်နိုင်အောင်ကတုက်ကျင်းတွေတူးကြတယ်။ရှေ့တန်းမျဉ်းဟာ ကတုတ်
ကျင်းတွေနဲ့ မိုင် ၅၀၀ လောက်ရှည်လျားသွားပါတယ်။ကတုက်ကျင်းတွေဟာ မြေကြီးထဲတူးထားရတာဖြစ်လို့မိုးရွာ
ရင်ရေထွက်စရာလမ်းမရှိဘူး။စစ်သားတွေဟာကျင်းထဲမှာပျဉ်ပြားခင်းပြီးနေကြရတယ်။ပျဉ်ပြားတွေလည်းနောက်
တော့ရွှံ့အလူးလူးဖြစ်ကုန်တယ်။မိုးရွာရင် ကြွက်တွေနဲ့လူတွေနဲ့ ကျင်းထဲမှာနေရာမျှပြီးနေကြရတယ်။ဒါတင်မက
ကျဆုံးခဲ့ သူတွေရဲ့အလောင်းကို ကျွင်းထဲမှာတင် မြှပ်ထားရတော့မိုးရွာသည်ဖြစ်စေ၊ရန်သူလက်နက်ကြီးကျသည်
ဖြစ်စေ၊ အရိုးစုတွေပေါ်လာတာလည်းရှိပါတယ်တဲ့။
ဒီအခြေအနေမှာ ကျန်းမာရေးအတွက်ဘယ်လိုမှမကောင်းပါဘူး။ ကတုတ်ကျင်းတွေထဲမှာ အဆိုးဆုံးကတော့
ရွှံ့ထဲမှာအကြာကြီးနေလို့ဖြစ်လာတဲ့ကတုတ်ကျင်းခြေထောက်ရောဂါပါ။ခြေထောက်ကြီးတွေနှစ်ဆ၊သုံးဆထူအမ်း
လာပြီး ဘက်နက် နဲ့ထိုးရင်တောင်မသိအောင်ထုံနေတော့တယ်။
အရာရှိတွေနဲ့တပ်သားများ
မဟာမိတ်ဘက်က တပ်ဖွဲ့ခေါင်းဆောင်တွေဟာအရာရှိငယ်တွေများတယ်။ပျဉ်းမျှအားဖြင့် စစ်မြေပြင်ရောက်လာ
တဲ့ အရာရှိငယ်တွေဟာ ရက်သတ္တပတ် နှစ်ပတ်ထက်ပိုမခံကြဘူး။သူတို့တွေဟာ တိုက်ပွဲထဲဝင်တာတောင် လက်အိတ်ဖြူတွေဝတ်ပြီး ရှိုးအပြည့်နဲ့ဆိုတော့ ဂျာမန်တွေကသူတို့ရဲ့လက်အိတ်ဖြူတွေကို ကောင်းကောင်းမြင်ရ
ပြီး သူတို့ကိုပထမဆုံးရွေးပစ်တော့တာပဲတဲ့။
ဒီိလိုကိစ္စလေးတွေကလွဲလို့ အရာရှိငယ်တွေဟာ သူရဲကောင်းပီသစွာတိုက်ပွဲဝင်ခဲ့ကြပါတယ်။ဗြိတိသျှ လူငယ်
အရာရှိတွေဟာတပ်သားတွေနဲ့အတူအပင်ပန်းဆင်းရဲခံနိုင်တယ်။လက်အောက်ငယ်သားတွေကိုညှာတာခဲ့ကြတယ။်
လို့မှတ်တမ်းတင်ခံခဲ့ရတယ်။အရာရှိငယ်တွေအိမ်ကိုစာရေးတဲ့အခါချောကလက်နဲ့တခြားဇိမ်ခံပစ္စည်းတွေမှာကြတယ်။
ဒါပေမယ့် သူတို့အတွက်မဟုတ်ပဲငယ်သားတွေအတွက် ဖြစ်ပါတယ်။
လူမနေရ နယ်မြေဆိုတာ
ပထမကမ္ဘာစစ်အတွင်းမှာလူမနေရနယ်မြေဆိုတာ ရန်သူစစ်တပ်နှစ်ခုရဲ့ ကတုက်ကျင်းတွေကြားက သတ်ကွင်း
ကိုပြောတာပါ။ဒီနယ်မြေဟာ မီတာရာအနည်းငယ်ကျယ်ပါတယ်။တခါတလေ ကျတော့လည်း ကျဉ်းလွန်းလို့ ကတုတ်ကျင်း တခုကနေ တခုကို အ၀တ်အစားလဲသံတောင်ကြားရပါတယ်တဲ့။
နှစ်ဘက်စစ်သားတွေဟာ ရန်သူတွေဖြစ်ပေမယ့် ဒီလောက်နီးနီးလေးရှိနေကြတဲ့အခါ ငိုအားထက်ရယ်အားသန်
မိကြတယ်။သူတို့ဟာ လူသားတွေပဲမဟုတ်လား။ရန်သူကိုမုန်းတီးရမယ်လို့သင်ကြား ထားပေမယ့် တစ်ဘက်က
လည်းငါ့လိုလူသားပါပဲလားဆိုတဲ့အသိဝင်လာကြတယ်။ဒါကြောင့်လည်း၁၉၁၄ခုနှစ်ခရစ္စမတ်ကာလအပစ်အခတ်
ရပ်စဲထားချိန်မှာ နှစ်ဘက်စစ်သားတွေဟာ ကတုတ်ကျင်းတွေထဲကထွက်လာပြီး လူမနေရနယ်မြေမှာတွေ့ဆုံ
ကြတယ်။တစ်ယောက်နဲ့တစ်ယောက်လက်ဆောင်တွေပေးကြတယ်။ဘောလုံးကစားကြတယ်။ကျဆုံးသူတွေရဲ့
ရုပ်အလောင်းတွေကို မြေမြှပ်ပွဲပြုလုပ်ကြတယ်။
ဂျာမန်တွေထဲမှာ စစ်မဖြစ်ခင်က လန်ဒန်မြို့မှာနေဖူးသူတချို့ ပါတယ်တဲ့။သူတို့ဟာအင်္ဂလိပ်ဘောလုံးပွဲအနိုင်အရုံး
သတင်းတွေ၊လန်ဒန်မှာရှိတဲ့သူ့ကောင်မလေးကိုဘာပြောလိုက်ပါစသဖြင့်မှာကြားတတ်ကြတယ်။ဟိုဘက်ဒီဘက်
ကတုတ်ကျင်းတွေကသီချင်းတွေဆိုကြပြီဆိုရင်တေးဂီတပွဲဆင်နွှဲသလိုဖြစ်သွားတယ်။တကယ်အတီးကောင်းအဆို
တွေပါတဲ့အခါဟိုဘက်တပ် ဒီဘက်တပ်ဆိုတာတွေပျောက်သွားပြီးအကုန်းလုံးပျော်ကြတယ်။စက်သေနတ်ကို
နာမည်ကြီးသီချင်းသံတွေပေါ်အောင် ဆက်တိုက်ပစ်ဆွဲပြတဲ့ကစားနည်းလဲရှိတယ်။စက်သေနတ်သံကိုနားထောင်
ပြီးဘာသီချင်းလဲဆိုတာ အဓိပ ပေါ်အောင်ဖေါ်ကြတယ်။သံပြိုင်ပိုဒ်ကိုရောက်ရင် ကျန်တဲ့စက်သေနတ်သမားတွေ
က၀ိုင်းပစ်ပေးကြတယ်တဲ့။
မီးစားသူများနှင့်နေသာသလိုနေသူများ
တိုက်တာခိုက်တာကို လိုလားသူတွေကိုမီးစားသူများလို့ခေါ်တယ်။ဗြိတိသျှ တပ်ကစကော့လူမျိုးတွေရဲ့စကော့
တပ်ရင်းဟာမီးစားသူများ(Fire Eaters) ဖြစ်တယ်တဲ့။စကော့လူမျိုးတွေက ရိုးရာဝတ်စုံ kiltsလို့ခေါ်တဲ့ဒူးအောက်
ရှည်စကတ်တွေကိုဝတ်တတ်လို့ သူတို့ကိုဂျာမန်တွေက ငရဲပြည်ကမိန်းမတွေလို ခေါ်ကြတယ်။နောက်ပိုင်းတော့
စကော့တွေလည်းမလွတ်လပ်လို့ ဘောင်းဘီပဲဝတ်ကြတော့တယ်။
အနေချောင်သလိုနေကြတဲ့လူတွေရှိတဲ့ဘက်မှာတော့အတိုက်အခိုက်တွေကမရှိသလောက်ရှားပါတယ်။ဒီစစ်မျက်နှာ
တွေကိုတော့ဗိုလ်ချုပ်တွေလည်းဘာမှ မတတ်နိုင်ကြပါဘူး။မင်းတို့ကိုလည်းတို့မသတ်ဘူး။တို့ကိုလည်းမသတ်နဲ့
လို့ ညှိထားကြတယ်။အနိမ့်ဆုံးအားဖြင့်သဘောတူညီကြတာက ဟိုဘက်ဒီဘက် အိမ်သာကျင်းတွေဆီကို မပစ်
ကြစတမ်း။နံနက်စာ စားနေတုန်းလုံးဝမပစ်ကြစတမ်း စသဖြင့်သဘောတူညီမူ့တွေအများကြီးရှိခဲ့ကြတယ်တဲ့။
လုံးဝမပစ်ရင်လည်းအထက်က ပြောမှာစိုးလို့အမြှောက်တွေနဲ့ပစ်တော့ပစ်ကြတယ်။ဒါပေမယ့်နေ့တိုင်းဒီနေရာ
ဒီအချိန်ပဲပစ်နေလို့ ရှောင်နိုင်နေခဲ့ကြတယ်။တခါတလေ စာရေးပြီးရန်သူတပ်တွေဆီခဲနဲ့ပတ်ပြီးလှမ်းပစ်ကြတယ်။
်ဂျာမန်တပ်တချို့ထဲကဒီလိုစာမျိုးရဘူးတယ်။
"၁၈ ကီလိုဗုံးတစ်ဗုံး ကျုပ်တို့ဆီကလှမ်းပစ်ဖို့ရှိတယ်။မပစ်ချင်ပေမယ့်အမိန့်အရပစ်ရမှာပဲ။မပစ်ခင်လေချွန်လိုက်
မယ်ဗျို့"
အမြှောက်ကျည်ဆံကျပြီးတော့ ဂျာမန်စစ်သားတစ်ယောက်က ကတုတ်ကျင်းထိပ်ကနေ လှမ်းအော်တယ်တဲ့။
"အခုလိုပစ်ခတ်ရတာဝမ်းနည်းပါတယ်။ဘယ်သူမှတော့ မထိခိုက်ကြဘူး မဟုတ်လား"

Gtalk Avatars

6 July 2008






G-talk အတွက် Avatars လေးတွေ ပါ။ စိတ်ကူးရှိသလောက် လုပ်ကြည့်ထားတာပါ။ ကြိုက်ရင် ယူသုံးကြပါ။

နာမည်တစ်လုံးကျန်ဖို့

2 July 2008

ကြယ်တံခွန်များ - ကြယ်တံခွန်တွေကို ရှာဖွေတွေ့ရှိ သူတွေရဲ့ နာမည်ပေးလေ့ ရှိပါတယ်။ဥပမာ-ဟေလီ ကြယ်တံခွန်ဟာဆိုရင် တွေ့ရှိသူရဲ့ နာမည်ကိုတစ်စိတ်တစ်ပိုင်းယူပြီး ပေးထားတာပါ။ကမ္ဘာ ကြီးရှိနေသ၍ ကြယ်တံခွန်နဲ့နာမည်ကျန်ခဲ့မှာ မို့လို့ ကျွန်တော်တောင် ငယ်ငယ်တုန်းက အရူးထပြီး ကြယ်တွေကို ကြည့်ခဲ့ဖူးပါတယ်။ဘယ်သူမဆို ဒီလိုမျိုး နာမည်ကျန်ခဲ့ဖို့ စိတ်ကူးယဉ် ခဲ့ကြဖူးပါလိမ့်မယ်။ ဒါပေမယ့် အောက်မှာရေးထားတဲ့ အဖြစ်တွေနဲ့တော့ဘယ်သူမှ နာမည်ကျန်ချင်မယ်မထင်ပါဘူး။
ဂျော့ဘု(ရှ်)ကိုဂုဏ်ပြုပုံက - သူတို့အမေရိကန် မှာ သမ္မတတွေကိုနည်းမျိုးစုံနဲ့ ဂုဏ်ပြူလေ့ရှိပါတယ်။ဥပမာ - ကနေဒီအာကာသစင်တာ၊လင်ကွန်း စစ်သဘောင်္စသည်ဖြင့်ပေါ့လေ။အဲ့ဒီထဲက ဆန်ဖရန်စစ္စကို သမ္မတ အမှတ်တရကော်မရှင်ဆိုတဲ့အဖွဲ့ ကသမုဒ္ဒရာကမ်းခြေမှာရှိတဲ့ရေထုညစ်ညမ်းမူ့ သန့်စင်တဲ့ မိလ္လာကန် ကြီးကို နာမည်ပေးဖို့ဆန္ဒမဲတွေကောက်တာကိုယန်းကီးတွေကသမ္မတကြီးဂျော့ဒဗလျူဘု(ရှ်)ရဲ့နာမည်ကိုပေးခဲ့ကြပါတယ်။ဩော်.... သမ္မတကြီးရယ် နာမည်ကျန်စရာရှားလို့...။
ဂျယ်လီငါးရဲ့နာမည် - ၂၀၀၇ ခုနှစ်ရဲ့ မျိုးစိတ်အသစ် ၁၀ ခုစာရင်းမှာပါတဲ့ ဂျယ်လီငါးဟာ လူကိုသေစေနိုင်တယ်
တဲ့။ အဲဒီ ကောင်ရဲ့ နာမည်ကို Malo Kingi လို့ပေးထားပါတယ်။အကြောင်းကတော့ အဲဒီဂျယ်လီငါး ကိုက်လိုက်
လို့ ဩစတေးလျ နိုင်ငံမှာသေသွားတဲ့ အမေရိကန် ကမ္ဘာ လှည့်ခရီးသည် ရောဘတ်ကင်း ကိုအစွဲပြုပြီး ပေးထား
တာတဲ့...။
မေ့မရတဲ့ လူသား - ဒီကနေ့ HIV\AIDS ရောဂါဆိုးကြီးကို ကာကွယ်ရာမှာ တဖက်တလမ်းက ပါဝင်တဲ့ CONDOM ဟာ တီထွင်သူ ဒေါက်တာ Condom ရဲ့နာမည်ကို ပေးထားတာလို့ ပြောကြပါတယ်။
အဲဒီလို နာမည်မျိုး ကျန်တာကြတော့လည်း တစ်မျိုးကြီးပဲနော်........။

နိုး....ဆာ

1 July 2008

အပြည်ပြည်ဆိုင်ရာ အမဲလိုက်ပွဲကြီး အား အာဖရိကတိုက် မှာကျင်းပရာ ကိုချူချာဝင်ရောက်ယှဉ်ပြိုင်သည်။ရှားပါး
သတ္တဝါ ဖြစ်သော ရေမြင်းမှလွဲ ၍ကျန်သတ္တ၀ါ အားလုံးကို ပစ်ခွင့်ပေးထားသည်။တောထဲသို့ဝင်သွားပြီးနောက်
ကိုချူချာ ပြန်လာသည်။ ဒိုင်လူကြီးများ က မေးသည်။
"ဘာသားကောင် ရခဲ့သလဲ"
"ကျွန်တော် နိုးဆာ ငါးကောင် ပစ်ခဲ့တယ်"
နိုးဆာ ဆိုတာဘာကောင်မှန်းမည်သူ မှမသိကြပေ။ ထို့ကြောင့် ကိုချူချာ အမဲလိုက်သွားရာတလျှောက် လိုက်ချောင်းကြရန် ဆုံးဖြတ်လိုက်ကြသည်။ ကိုချူချာတောထဲဝင်သွားသည်။နီဂရိုးတစ်ယောက်ကိုတွေ့သောအခါ မေးလိုက်သည်။
"ဟေ့ မင်းရေမြင်းလား"
" နိုး... ဆာ (no sir)"
.......ဒိန်း..........

သတင်းတို

ရန်ကုန်ဘတ်(စ်)-ဒီနေ့တော့ ထူးထူးဆန်းဆန်း ဖြစ်လောက်တဲ့ သတင်းတစ်ပုဒ်ကို ကိုယ်တိုင်ကြုံတွေ့ ခဲ့ရပါတယ်။ ရန်ကုန်မြို့ ရဲ့ ပထမဆုံးလို့ ပြောလို့ ရတဲ့ အခမဲ့ bus ကိုတွေ့ ခဲ့ရလို့ ပါ။ ဆွဲပေးတဲ့ ကားလိုင်း နံပါတ်က ၂၁၂ဆူးလေနဲ့ အင်းစိန် လမ်းမှာပါ။ ကားမှာ အခမဲ့ဆိုတာနဲ့ မ.ထ.သ မော်တော်ယဉ် ပိုင်ရှင်များမှ လှူဒါန်းတယ်ဆိုတာကို ဗီနိုင်း နဲ့ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် လူတွေက မမြင်ဖူးတော့ အူအူကြောင်ကြောင် ဖြစ်နေကြတယ်။ကားပေါ်ရောက်မှ တခုခုဖြစ်နေမှာစိုးလို့ထင်ပါတယ်။ ဘာပဲပြောပြော အလှူရှင်တွေရဲ့ စေတနာကိုတော့ သာဓုခေါ်မိပါတယ်။
-----------------------------------။-------------------------------------------------------
စပိန်ချန်ပီယံဖြစ်ပြီ - ၄၄ နှစ်ကြာစောင့်ခဲ့ ရတဲ့ စပိန်အသင်းရဲ့ အိပ်မက်တွေဟာ တိုက်စစ်မှူး တောရက်(စ်) ရဲ့
သွင်းဂိုး နဲ့အတူပြည့်စုံခဲ့ပါပြီ။2008 ခုနှစ် Euro Champion စပိန်အသင်းနဲ့တိုက်စစ်မှူး Torres တို့ကိုဒီနေရာမှ
ဘာမဆိုင် ညာမဆိုင် ဂုဏ်ပြုအပ်ပါသည်။
------------------------------------- ။ ----------------------------------------------------