နာမည်တစ်လုံးကျန်ဖို့

2 July 2008

ကြယ်တံခွန်များ - ကြယ်တံခွန်တွေကို ရှာဖွေတွေ့ရှိ သူတွေရဲ့ နာမည်ပေးလေ့ ရှိပါတယ်။ဥပမာ-ဟေလီ ကြယ်တံခွန်ဟာဆိုရင် တွေ့ရှိသူရဲ့ နာမည်ကိုတစ်စိတ်တစ်ပိုင်းယူပြီး ပေးထားတာပါ။ကမ္ဘာ ကြီးရှိနေသ၍ ကြယ်တံခွန်နဲ့နာမည်ကျန်ခဲ့မှာ မို့လို့ ကျွန်တော်တောင် ငယ်ငယ်တုန်းက အရူးထပြီး ကြယ်တွေကို ကြည့်ခဲ့ဖူးပါတယ်။ဘယ်သူမဆို ဒီလိုမျိုး နာမည်ကျန်ခဲ့ဖို့ စိတ်ကူးယဉ် ခဲ့ကြဖူးပါလိမ့်မယ်။ ဒါပေမယ့် အောက်မှာရေးထားတဲ့ အဖြစ်တွေနဲ့တော့ဘယ်သူမှ နာမည်ကျန်ချင်မယ်မထင်ပါဘူး။
ဂျော့ဘု(ရှ်)ကိုဂုဏ်ပြုပုံက - သူတို့အမေရိကန် မှာ သမ္မတတွေကိုနည်းမျိုးစုံနဲ့ ဂုဏ်ပြူလေ့ရှိပါတယ်။ဥပမာ - ကနေဒီအာကာသစင်တာ၊လင်ကွန်း စစ်သဘောင်္စသည်ဖြင့်ပေါ့လေ။အဲ့ဒီထဲက ဆန်ဖရန်စစ္စကို သမ္မတ အမှတ်တရကော်မရှင်ဆိုတဲ့အဖွဲ့ ကသမုဒ္ဒရာကမ်းခြေမှာရှိတဲ့ရေထုညစ်ညမ်းမူ့ သန့်စင်တဲ့ မိလ္လာကန် ကြီးကို နာမည်ပေးဖို့ဆန္ဒမဲတွေကောက်တာကိုယန်းကီးတွေကသမ္မတကြီးဂျော့ဒဗလျူဘု(ရှ်)ရဲ့နာမည်ကိုပေးခဲ့ကြပါတယ်။ဩော်.... သမ္မတကြီးရယ် နာမည်ကျန်စရာရှားလို့...။
ဂျယ်လီငါးရဲ့နာမည် - ၂၀၀၇ ခုနှစ်ရဲ့ မျိုးစိတ်အသစ် ၁၀ ခုစာရင်းမှာပါတဲ့ ဂျယ်လီငါးဟာ လူကိုသေစေနိုင်တယ်
တဲ့။ အဲဒီ ကောင်ရဲ့ နာမည်ကို Malo Kingi လို့ပေးထားပါတယ်။အကြောင်းကတော့ အဲဒီဂျယ်လီငါး ကိုက်လိုက်
လို့ ဩစတေးလျ နိုင်ငံမှာသေသွားတဲ့ အမေရိကန် ကမ္ဘာ လှည့်ခရီးသည် ရောဘတ်ကင်း ကိုအစွဲပြုပြီး ပေးထား
တာတဲ့...။
မေ့မရတဲ့ လူသား - ဒီကနေ့ HIV\AIDS ရောဂါဆိုးကြီးကို ကာကွယ်ရာမှာ တဖက်တလမ်းက ပါဝင်တဲ့ CONDOM ဟာ တီထွင်သူ ဒေါက်တာ Condom ရဲ့နာမည်ကို ပေးထားတာလို့ ပြောကြပါတယ်။
အဲဒီလို နာမည်မျိုး ကျန်တာကြတော့လည်း တစ်မျိုးကြီးပဲနော်........။

2 ယောက် မှတ်ချက်ပေးခဲ့သည်:

Aung Ko Ko Thet said...

Etymology and other terms

Etymological theories for the word "condom" abound. By the early 1700s, the invention and naming of the condom was attributed to an associate of England's King Charles II, and this explanation persisted for several centuries. However, the "Dr. Condom" or "Earl of Condom" described in these stories never existed, and condoms had been used for over one hundred years before King Charles II ascended to the throne.[68] ...

Ref: http://en.wikipedia.org/wiki/Condom#1930_to_present

Regards

မောင်ဖားကြီး said...

ရှာရှာ ဖွေဖွေ လာဖတ်ပြီး ပြောသွားတဲ့
ကိုမျောက်ကို ကျေးဇူးတင်ပါတယ်ဗျာ..
ကျွန်တော်တို့က အဲ့လိုပဲ အမှတ်မှားနေလို့ပါ...
myauk ကိုမျောက်လို့ အသံဖလှယ်လိုက်တယ်နော်
မှန်ရဲ့လား မသိ :)