မှားသွားလို့ပါ
ဝတ်ရုံတော်က ကြယ်သီးပြုတ်သွားလို့ ကုန်းကောက်တဲ့ဘုရင်ကြီးကိုသက်တော်ရှည် အမတ်ကြီးက နောက်ကနေ
တင်ပါးကို သွားရိုက်လိုက်ပါတယ်။ဘုရင်ကြီးလည်းရှက်သွားပြီး အမတ်ကြီးကိုသေဒဏ်ပေးဖို့ပြောလိုက်တယ်။
ဒါပေမယ့်လည်း သက်တော်ရှည်အမတ်ကြီးဖြစ်နေလို့ အကြောင်းရှိရမယ်ဆိုပြီး ဘုရင်ကြီးက ဒီိလိုမိန့်ကြားပါတယ်။
"မောင်မင်း ငါ့တင်ပါးကိုဘာကြောင့်ရိုက်သလဲဆိုတာ အကြောင်းပြချက်ပေးနိုင်ရင် သေဒဏ်ကနေချမ်းသာပေးမယ်။"
ဒါနဲ့အမတ်ကြီးကလည်းအားရ၀မ်းသာနဲ့ ပြန်လည်လျှောက်ထားပါတယ်။
"တကယ်တော့ ကျွန်တော်မျိုး ကြီးအပြစ်ပါ။အရှင်မင်းကြီး ကိုမိဖုရား ကြီးနဲ့မှားသွားလို့ပါ။"
ဘယ်သူအရင်စခဲ့သလဲ
ဆိုဗီရက်ခေါင်းဆောင်ကြီး ခရူးရှက်နိုင်ငံအတွင်းလှည့်လည်ရင်းနယ်မြို့လေးတစ်မြို့သို့ရောက်သွားသည်။ထိုမြို့
မှ အဘိုးအို တစ်ယောက်အား ခရူးရှက်မေးသည်။
"အဘိုး မဟာဆိုရှယ်လစ်တော်လှန်ရေး ကြီးမတိုင်မှီနဲ့ အခုနဲ့ ဘာတွေကွာသွားတယ်လို့အဘိုး ထင်လဲ"
"ဘာတွေ ကွာသွားလဲတော့ ကျုပ်လဲ သေချာမသိဘူး။ဒါပေမယ့် တော်လှန်ရေးကြီးမတိုင်ခင်က ကျုပ်မှာအ၀တ်နှစ်စုံ ခြေအိတ်နှစ်စုံ ဘောင်းဘီနှစ်စုံရှိတယ်။ဒါပေမယ့် အခုတစ်စုံစီပဲရှိတော့တယ်။ရှိတဲ့ဟာတွေ
ကလည်း အကုန်စုတ်နေပြီ။"
ခရူးရှက် ကဘာမှအံ့သြဟန်မပြပဲ ခပ်အေးအေးပဲပြန်ပြောသည်။
"ကိစ္စတော့ မရှိပါဘူး အဘိုး အာဖရိက ကလူတွေဆိုရင်အ၀တ်အစား တစ်စုံတောင်ရှိတာမဟုတ်ဘူး"
"ဘာ.... မဟာဆိုရှယ်လစ်တော်လှန်ရေး ကြီးကသူတို့တွေအရင်စခဲ့တာပေါ့။ မသိပါဘူး ကျုပ်က ကျုပ်တို့တွေ အရင်စခဲ့တယ် ထင်တာ"
ငွေကုန်သက်သာတဲ့နည်း
ပြင်သစ် company တစ်ခုဧ။် နှစ်ပတ်လည်ပျော်ပွဲရွှင်ပွဲကျင်းပရန်အတွက် အစည်းအဝေးကျင်းပနေသည်။
Director လုပ်သူက ငွေအနည်းငယ်သာသုံးချင်သည်။ထို့ကြောင့်အစည်းအဝေး၌တင်ပြသည်။
"ကျွန်တော်တို့ ရဲ့ နှစ်ပတ်လည်ပျော်ပွဲရွှင်ပွဲကိုငွေ အနည်းငယ်ပဲကုန်စေချင်တယ်။ဒါပေမယ့် ကျွန်တော်တို့ company ကိုလည်းကျော်ငြာပြီးသားဖြစ်အောင် ဒီပွဲကြီးရဲ့ အကြောင်းကို ဂျာနယ်တွေကတစ်ဆင့် ပြင်သစ်တပြည် လုံးလည်းသိစေချင်တယ်။ဝန်ထမ်းအားလုံး လည်းပျော်ရွှင်စေရမယ်ဗျာ။ငွေကိုတော့ တတ်နိုင်
သမျှ လျှော့ရမယ်။ နားလည်လား"
တစ်ယောက်တစ်ပေါက် အမျိုးမျိုး ပြောကြသော်လည်း ဖြစ်ချင်တာတွေနှင့်မကိုက်သောကြောင့် Director ကပယ်ချနေသည်။နောက်ဆုံးထောင့်မှ အသံတစ်သံထွက်လာသည်။
"ဒီလိုလုပ်ပါ။ Director ကြီး အီဖယ်(လ်) မျှော်စင်ပေါ်ကနေခုန်ချလိုက်ပါ။ငွေကလည်း မျှော်စင်ပေါ်တက်ခပဲ
ကုန်မှာပါ။ပြီးတော့ ကျွန်တော်တို့ company က Director ကြီးဆိုပြီးတစ်တိုင်းပြည်လုံးက ကျွန်တော်တို့ ကို
သိသွားမှာပါ။အဲ... ၀န်ထမ်းတွေရဲ့ ပျော်ရွှင်မူ့ကတော့ အတိုင်းထက်အလွန်ပဲ ဖြစ်မှာပါ ခင်ဗျ"
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
6 days ago


0 ယောက် မှတ်ချက်ပေးခဲ့သည်:
Post a Comment