"သစ္စာရှာဖို့ မြင်းစီးသူ"

19 June 2008

ဗုဒ္ဓဘာသာဝင်တိုင်း ဖတ်သင့်သောစာအုပ်တစ်အုပ်နှင့်မိတ်ဆက်ပေးချင်ပါ
သည်။အထူးသဖြင့်ကျွန်တော်တို့လိုလူငယ်တွေအတွက်ပိုပြီးသင့်လျော်သည်။
စာအုပ်နာမည်က"သစ္စာရှာဖို့ မြင်းစီးသူ" ၊ ဆရာကျော်ဝင်း ဘာသာပြန်
ထားခြင်းဖြစ်သည်။မူရင်းစာအုပ်မှာ"Buddhism made plain" ဖြစ်၍
ပင်ဆာ(လ)ဗေးနီးယား တက္ကသိုလ်မှ theology ပညာရှင်များဖြစ်သော
Antony Fernando နှင့် Leonard Swiidler တို့၏လက်ရာဖြစ်သည်။
ဤဝတ္တု၏ခေါင်းစဉ်မှာ ဆရာကျော်ဝင်းကသူနှစ်သက်သောကဗျာရှည်ကြီးမှ
စာသားတစ်ပုဒ်ကိုယူထားသည်ဟုအဖွင့်ကျေးဇူးစကား၌ဖေါ်ပြထားသည်။
အခန်းအသီးသီးမှအဖွင့်ကဗျာများမှာလည်းမူရင်းစာအုပ်တွင်မပါပဲအဆိုပါ
ကဗျာရှည်ကြီးဖြစ်သော ဆာအက်ဒဝပ်အာနိုး ရေး၍ ဆရာမောင်သာနိုး
ဘာသာပြန်သော "အာရှတိုက်ရဲ့ အလင်းရောင်" ကဗျာရှည်ကြီးမှ ဖြစ်သည်
ဟု ဆရာကျော်ဝင်းကဝန်ခံထားသည်။အခန်း ၁ မှအဖွင့်ကဗျာကိုဒီလိုစထား
ပါသည်။

ငိမ်တော့ တဏ္ဍက၊ ငြိမ်
မြင်းသည်တော်စီးဖူးသမျှ အဝေးဆုံးခရီး
ငါ့ကိုခုပဲ သယ်တော့
ဒီည
သစ္စာရှာဖို့ငါမြင်းစီးမယ်

မူရင်းစာရေးဆရာများ ရည်ရွယ်သောပရိတ်သတ်မှာ ဗုဒ္ဓဘာသာဝင်များထက်
အခြားဘာသာများ အထူးသဖြင့် ခရစ်ယာန်နှင့်ဂျူးများ အတွက်ဖြစ်သည်။
ကမ္ဘာ့ဘာသာကြီးများအကြား အပြန်အလှန်နားလည်စေရေးအတွက်
ရည်ရွယ်ပြုစုကြခြင်းဖြစ်သည်ဟု ဆိုသည်။ထို့ကြောင့်ရေးပုံက ခေတ်မှီသွက်
လက်၍ လူသားဘဝနှင့်လွန်စွာနီးစပ်သည်။ ဗုဒ္ဓ၏ ဖြစ်စဉ် နှင့်တန်ခိုး များထက် ဗုဒ္ဓပြောချင်သောသံသရာလွတ်မြောက်ရာလမ်းကို သိပ္ပံနည်းကျ
ချည်းကပ်ထားသဖြင့် ကျွန်တော်တို့လူငယ်တွေ အကြိုက်တွေ့နိုင်သောစာအုပ်ဖြစ်သည်။
လူငယ်တွေအပေါ်ထားသောဆရာကျော်ဝင်း၏စေတနာကိုနားလည်မိပါသည်။
ထာဝရ သိမ်းထားသင့်သော စာအုပ်တစ်အုပ်ဖြစ်သည်။



0 ယောက် မှတ်ချက်ပေးခဲ့သည်: