မြိုချ လိုက်ခြင်း

13 August 2008

တစ်ချို့ ဒဏ်ရာတွေ က
ရင့်မည့် ပြီးဝင်းပလို့
ဒါပေမယ့် ဘယ်တော့မှ
မခူးဆွတ်မိအောင် သတိထားခဲ့တယ်။

အသုံးမ၀င်တဲ့ မာနတွေကို
တွင်းနက်ကြီးထဲ ပစ်ချရင်း
မိုးရွာတဲ့ အချိန်တွေကို
မကျိန်ဆဲတတ်အောင်လည်း
သင်ယူခဲ့ တယ်။

စိတ်က ကြွေထည်တစ်ခုလို
ကွဲရှ လွယ်ပေမယ့်
မျက်နှာဖုံးတွေရဲ့ မှတ်တမ်းကြောင့်
လူတိုင်းကို ကျွန်တော်
ပြုံးပြတတ် နေပါပြီ အမေရယ် ....

3 ယောက် မှတ်ချက်ပေးခဲ့သည်:

Unknown said...

ကိုဖားကြီးရေ ကြိုက်တယ်ဗျာ အရေးအသားတွေ ကျနော်လည်းပြုံးပြတတ်အောင်ကြိုးစားနေတုန်းပါပဲ အဆင်ပြေပါစေကိုဖားကြီး

ဇင်ယော် said...

ဟုတ်ပဗျာ။ ပြုံးနေတဲ့ မျက်နှာဖုံး ပုံစံအမျိုးမျိုးနဲ့ ဆောင်ထားရတာကြာတော့  ကိုယ့်မူလမျက်နှာတောင် ကိုယ်မှတ်မိပါဦးမလားလို့  ။

Free bird never bow said...

I like your poem very much so that I just translated into English and about to publish it onto my Blog. There might be some gaps but I ask your permission.

www.asfreeassky@gmail.com
my Blog is www.freebirdneverbow.blogspot.com