အတိတ်ကို လွမ်းခြင်း

29 August 2008

ကုန်ဈေးနှုန်းပြ ဂရပ်
ပြောရမယ်ဆိုရင်တော့ အဘတို့ငယ်ငယ်တုန်းကလို့ပဲစရတော့မှာပဲ ။ အေး အဲဒီအဘတို့ ငယ်ငယ်တုန်းကပေါ့
ပရိတ်သတ်ကြီးရယ် ။ ဟာ.... လိုင်းတွေရောကုန်ပါပြီ ။ ဒီလိုပါခင်ဗျာ မရိုးနိုင်တဲ့ ကုန်ဈေးနှုန်းအကြောင်းလေး
ပဲ ပြောချင်လို့ပါ ။
ကုန်ဈေးနှုန်းအကြောင်းပြောရအောင် မင်းအသက်ကဘယ်လောက်တောင် ကြီးနေလို့လည်းမေးရင် ဟုတ်ကဲ့
ကျွန်တော့် အသက်က အခုမှ နှစ်ဆယ်ကျော်သက်ကလေးပဲ ရှိပါသေးတယ်ခင်ဗျာ ။ ဒါပေမယ့် အဲ့ဒီ အသက်
လေးမှာတင် အဘတို့ငယ်ငယ်တုန်းကပေါ့ ဆိုပြီး ပြောစရာမလိုအောင် ပြောင်းလဲသွားတဲ့ ဈေးနှုန်းတွေကို
ဆင်ခြင်မိလို့ ဒီစာကိုရေးချင်စိတ်ပေါ်လာတာပါ။
တကယ်တော့ ကျွန်တော်အတိတ်ကို ပြန်လွမ်းနေတာ မဟုတ်ပါဘူး ။ ပြောင်းသွားပြီးမှတော့ ဘာမှလည်းမတတ်နိုင်တော့ပါဘူး။ ဒါပေမယ့် အတိတ်ဆိုတာက သေချာခဲ့တာတွေနဲ့
ဖွဲ့စည်းထားတာ မဟုတ်လား ။ အဲဒီတော့အတိတ်ကို ပြန်သတိရတယ်ဆိုတာလည်း တခါတလေ ကြည်နူးဖို့ကောင်းပါတယ်။ ၀ူး ........ လေရှည်ရတာမောလိုက်တာဗျာ ။

ကဲ ကဲ အခြေခံကျဆုံးကားခကနေပဲ စပြောပြမယ်။ ကျွန်တော်တို့ ကျောင်းစတက်ရတဲ့ ပထမနှစ်၊ဒုတိယနှစ်
တွေတုန်းက ကျောင်းကို ကားစီးရင် မြန်မာငွေ၃၀ကျပ်ပဲ ကျပါတယ်။ တိတိကျကျပြောရရင်တော့ လွန်ခဲ့တဲ့
ခြောက်နှစ်လောက်ကပေါ့။ အဲ့ဒီ သုံးဆယ်ကျပ်ဆိုတာ နိုင်ငံတကာငွေကြေးနဲ့တွက်ရင် ဆင့် ၃ပြား လောက်ပဲ
ကျမယ်ထင်ပါတယ်။ဒါတောင်ကျောင်းသားပီပီတခါတလေပိုက်ဆံပေးစီးချင်မှပေးတာပါ။စပါယ်ယာတွေကလည်း ကိုယ်နဲ့ အကုန်လုံးနီးပါး ခင်နေကြတော့ ကိစ္စတော့မရှိပါဘူး။

အဲ့ဒီတုန်းက ကျောင်းသွားရင် ပိုက်ဆံ၅၀၀ လောက်ဆိုလောက်လောက်ငှငှ သုံးလို့ရပါတယ်။ပိုက်ဆံမရှိလည်း
ကားခ ၃၀ နဲ့သာကျောင်းသွား ဟိုရောက်ရင်ကျွေးမယ့်သူငယ်ချင်းတွေကလည်းပေါပါတယ်။ ကားခဆိုရင်လည်း
၇ နှစ်ယောက် ၈ယောက်ခ ကတော့ တစ်ယောက်တည်းက ဒိုင်ခံပေးလိုက်တာပဲ ။ ပေါတာကိုး ဗျ ။

ဟော .... အခုနှစ်တွေကြတော့ ကားခက မှော်ဘီထိဆို အနည်းဆုံး ၃၀၀၊ တခါတလေ မြို့တွင်းကဆို လေး၊ငါး
ရာကတော့ သာသာလေးပဲ ။ ဒီတော့ တစ်ယောက်တည်းကပဲ ကျွန်တော်တို့တုန်းကလို ၇ယောက် ၈ယောက်
ခ ကားခပေးရမယ်ဆိုရင် တော်တော်မလွယ်ပါဘူး။ ဒီတော့လည်း ကိုယ့်စရိတ်ကိုယ်ရှင်းကြရတော့တာပေါ့။

အခုခေတ်ကျောင်းတက်ရင်က အနည်းဆုံး တစ်နေ့ ၃၀၀၀ လောက်မှမပါရင် တော်တော်ကိုကျပ်တည်းပါတယ်။
အဲ ကျောင်းပြီးလို့ အလုပ်စ၀င်ရင်တော့ တစ်နေ့ ၂၀၀၀ နူန်းလောက်ပဲရပါတယ်။ အဲ့လိုဆိုရင် ကျောင်းတက်
ပြီး မိဘဆီက မုန့်ဖိုးတောင်းနေရတာကမှ များဦးမယ်။

ကုန်ဈေးနူန်းက သိသိသာသာ ဆယ်ဆလောက်ပြောင်းလဲသွားပေမယ့် မပြောင်းလဲသလောက်လို့ ပြောရမယ့်
အရာလည်းရှိပါတယ်။ အဲ့ဒါကတော့ ခုနကပြောတဲ့ အခြေခံလစာပါပဲ။ ကျွန်တော်တို့ ပထမနှစ်၊ဒုတိယနှစ်
လောက်က B.E(Civil) တစ်ယောက်ရဲ့ အခြေခံလခက အနည်းဆုံး ၅၀,၀၀၀ လောက်ရပါတယ်။ သူ့ခေတ်နဲ့သူ
တော့ လူငယ်တစ်ယောက်သုံးလို့ရသေးတဲ့ ငွေကြေးပါပဲ ။ အဲ့ဒီတုန်းက တစ်နေ့ ၅၀၀ နဲ့ဆိုကျောင်းတက်လို့
ရတယ်လို့ ပြောပြီးပြီနော်။

ဟောအခု နှစ်ထောင်၊သုံးထောင်လောက်ပါမှ ကျောင်းတက်ရတဲ့ ခေတ်ကျတော့ လခက ဘယ်လောက်ဖြစ်
သွားလဲ သိလား ။ အခြေခံ လစာ ၆၀,၀၀၀ တဲ့ ။ တော်တော်လေးကို တိုးပေးရပါတယ်ပေါ့ ။ အဲ့ဒါကြောင့်ပဲ
ကျွန်တော့် သူငယ်ချင်းတွေလည်း ထိုက်ထိုက်တန်တန်လေးပေးတဲ့ ခြင်္သေ့မြို့တော်ကို သွားနေကြတာ။
ဟိုမှာ ပင်ပန်းလည်း အင်ဂျင်နီယာဘွဲ့နဲ့ ခွက်တော့မဆွဲရလောက်ဘူးဟ ဆိုပြီး စွန့်စားကြတာပါ။

တိုင်းပြည်ကိုမချစ်လို့တော့ မဟုတ်ပါဘူး ။ မိမိကိုယ်ကို ကောင်းအောင်အရင်ကြိုးစားကြမလို့ပါ။ ကျွန်တော်
တို့လို သာမာန်လူတွေကတော့ အာတကေလေး ရွှင်မှလည်း စိတ်ကလေးတွေ လန်းဆန်းကြတာကိုးဗျ။
ဒါပါပဲဗျာ တစ်ခါတစ်လေ ကျတော့လည်း အတိတ်အကြောင်းလေးတွေ ပြန်စဉ်းစား ပြန်ပြောရတာ
တယ်အရသာ ရှိတာပဲ ။ သြော် ငါးနှစ်၊ ငါးနှစ် သိပ်တောင်မကြာသေးပါလား ။

ဒီအတိုင်း သတိရပြီး ညည်းနေမယ့် အစား လုပ်သင့်တာလေး တော့ လုပ်ဦးမှ။

1 ယောက် မှတ်ချက်ပေးခဲ့သည်:

Unknown said...

ဘဘ သံချောင်းတို့ငယ်ငယ်အကြောင်းလေးလည်း ပြောပြချင်လို့ပါ ဟဲဟဲ :D