အဆိပ်မခတ် ကြပါနဲ့ ...

29 November 2008


အင်တာနက်ပေါ်က စာရေးသူ ဘလော့ဂ်ဂါတွေ မှားရင်တော့ ၀ိုင်းတွယ်လိုက်ကြတာ သောက်သောက်လဲပါပဲ။ အခုလိုစာမူခွင့်ပြုချက်တွေ၊ စာပေစိစစ်ရေးတွေနဲ့ ထုတ်ဝေတဲ့ မီဒီယာတွေက မှားရင်တော့ ဘယ်သူတွေက တာဝန်ယူမလဲဆိုတာ စိတ်ဝင်စားမိပါတယ်။ဒီစာက နိုဝင်ဘာ ၂၈ ရက်နေ့ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ်မှာပါလာတာပါ။ ပုံကတော့ အားလုံးသိကြတဲ့ အတိုင်းကျွန်တော့် တူမတော်ကြီး Dream ကပျော်စေပျက်စေ ဆိုပြီး သူ့ဘလော့ဂ်မှာ ဖေါ်ပြခဲ့တဲ့ ပုံတွေပါ။ ဒီကတည်းက ဘလော့ဂ်ဂါအားလုံးက photo effect ဆိုပြီး နားလည်မှတ်ချက် ချထားတဲ့ပုံပါ။ သာမာန်လူပြိန်းတွေတောင် မဖြစ်နိုင်ဘူးလို့ သတ်မှတ်
ထားတဲ့ ပုံတွေကို တကယ်ပဲရှိသယောင်ယောင်ရေးပြီး ဘာသာရေးရှု့ထောင့်ကနေပါ လိုရာဆွဲသွင်းသွားတဲ့ စာရေးသူ မြနန်းရှင်ဆိုသူကို တကယ်ပဲ အံသြမိပါတယ်။ ပြီးတော့ ဂျာနယ်တိုက်က တာဝန်ရှိ လူကြီးမင်းများအားလုံး....။ ကျွန်တော်တို့နဲ့က အဆင့်ခြင်း မိုးနှင့်မြေ မကကွာခြားပါတယ်။ ကျွန်တော်တို့က ၀ါသနာအရ ဘလော့ဂ်ပေါ်တက်ကာ သတင်းတွေ၊ ရသတွေ၊သုတတွေ ရေးကြသော်လည်း တာဝန်ယူမူ့ခြင်းက ကွာတယ် ထင်ပါတယ်။ ကျွန်တော်တို့က ကိုယ့်ထမင်းကိုယ်စားပြီး၊ ကိုယ့်စာကိုယ်ရေးနေကြတာပါ။ စာမူခတို့ဘာတို့လည်းမရှိ၊ ဖတ်တဲ့သူကလည်း တစ်စုံတစ်ရာ အခကြေးငွေပေးစရာမလိုပဲ ဖတ်လို့ရတဲ့
ဘလော့ဂ်တွေပါ။ ဒါပေမယ့် ဘလော့ဂ်ဂါ တော်တော်များများဟာ အသိဥာဏ် အမှားတွေ မပေးမိအောင်လို့ သတိထားကြတယ်ဆိုတာ ကျွန်တော်သိပါတယ်။ တစ်ယောက်တည်းကရေးနေရပေမယ့် ကိုယ့်စာကိုယ်တော့ အတတ်နိုင်ဆုံး မှန်ကန်အောင်တာဝန်ယူကြရပါတယ်။

အခုတော့ ပရိတ်သတ်ဆီက ပိုက်ဆံလည်းယူတယ်။ ၀ိုင်းဝန်း တည်းဖြတ် လုပ်ဆောင်နေသူတွေကလည်း တစ်ပုံကြီး၊ တာဝန်ခံအယ်ဒီတာများကလည်း စာနယ်ဇင်းလောကမှ သိက္ခာနဲ့ နေလာသူတွေက ဒီလိုစာမျိုးကို သူတို့ဂျာနယ်မှာ တင်ခွင့်ပေးလိုက်တာဟာ တကယ်တော့ ပရိတ်သတ်ကို အဆိပ်ခတ်လိုက်တာပါပဲ။ တစ်နည်းပြောရရင် ဖွလိုက်တယ်လို့ပဲ ပြောရမှာပါ..။ကွန်ပြူတာနဲ့ photo effect အကြောင်းနားလည်တဲ့ မြို့ပြလူတန်းစားအတွက် အရေးမကြီးပေမယ့် ဒီပညာရပ်တွေ၊ သဘောတရား တွေကို နားမလည်တဲ့ နယ်ကလူတွေအတွက်ဆို ဒီဓါတ်ပုံနဲ့ စာတွေကိုပဲ အတည်ကြီးမှတ်သွားပြီး စာပေအဆိပ်သင့်သွားမယ်
ထင်ပါတယ်။ ဒီစာပိုဒ်ကို သတင်းလိုရေးတဲ့ စာရေးသူရဲ့ ရည်ရွယ်ချက်ကတော့ ကံစွမ်းအားကြောင့် ရုပ်၊နာမ်တွေဟာအမျိုးမျိုး ဖြစ်နိုင်ကြောင်းကို ရေးသားတဲ့အတွက် ရည်ရွယ်ချက်က ကောင်းပါတယ်လို့ ဆိုချင်ပေမယ့် ဒီလို ပုံမျိုးနဲ့တော့ ပရိတ်သတ်ကို မလိမ်ညာသင့်ပါဘူး....။ ကြည့်ရတာ ဂျာနယ်က လူကြီးမင်းတွေကလည်း မရှိဘူးဆိုတာ သိသိကြီးနဲ့ထည့်ပေးပြီး၊ နောက်တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်ထုတ် ဂျာနယ်ကြမှ ရှင်းလင်းချက်တွေ ဘာတွေဆိုပြီး သတင်းတစ်ပုဒ်ထပ်ရေးမလို့နဲ့ တူပါတယ်....။ ကောင်းပါတယ်ဗျာ... ပိုက်ဆံလည်းပေးရသေးတယ်...။ အဆိပ်လည်း ခပ်ခံရသေးတယ်..။
ကျွန်တော်တို့မှားရင်တော့ ၀ိုင်းအာကြပေါ့...။ ခင်ဗျားတို့မှားတော့ .... တောင်းပန်ခြင်း၊ရှင်းလင်းခြင်းဆိုပြီး သတင်းတစ်ပုဒ် ထပ်ရေးပေါ့...။ ဂျာနယ်စာမျက်နှာမှာ.... စာတွေပြည့်ဖို့ မပူရတော့ဘူး။ ကိုယ့်မျက်ချေးလေး လည်း ကိုယ်မြင်အောင် ကြည့်ကြဦး ဆရာတို့ရေ...။

သြော် ဒါနဲ့ တူမကြီး ဒရင်းရေ ညည်းမေးတဲ့ သူက ဘယ်ကလဲဆိုတဲ့ အဖြေကိုလည်း ဒီစာရေးသူက ပဲဖြေထားတယ်ကွယ့်။စာထဲက စာလုံးပေါင်းအတိုင်းကတော့ အီရှန်နိုင်ငံသား၊ ပါရှန်းလူမျိုးဆိုပဲ။ ဒါပေမယ့် အီရှန်နိုင်ငံဆိုတာကိုလည်း မောင်ဖားကြီးအနေနဲ့ တစ်ခါမှ မကြားဖူးတာကြောင့် စာပြင်ဆရာတွေလက်စွမ်း ပြလို့ အီရန်ကနေ အီရှန်ဖြစ်သွားတာ တူပါတယ်ကွယ်။ဒီလိုအီရှန် အဲလေ အီရန်နိုင်ငံသား တစ်ယောက် ရှိနေတာကို အမာဒီနီဂျက် တို့တော့ ဂုဏ်ယူနေမလား ဒါမှမဟုတ် အလ္လာရဲ့ အပြစ်ပေးမူ့လို့ တွေးနေလေမလားပဲ...။ တကယ်ရှိတယ်ဆိုရင်တော့ အလီခါမန်နိုင်း တောင် နာမည်ကျသွားဖို့ အလားအလာ
ရှိနေတယ်....။ ကိုအီရန်သားရေ.... ခင်ဗျားလည်း solid ဂီတာတွေ၊ ကီးဘုတ်တွေ၊ ကွန်ပြူတာတွေနဲ့ပဲ အချိန်ကုန်မနေနဲ့ဦး၊ကိုယ့်နိုင်ငံအခြေအနေနဲ့ လည်းလိုက်လျောညီထွေအောင်နေဦးဗျ...။ ခင်ဗျားကိုတော့ အိမ်သာ ကမုတ်ခွက်ပေါ် ကပုံကိုကြည့်ပြီး တရားယူတတ်တဲ့သူတွေက သနားစရာဝဋ်ကောင်လို့ ပြောနေကြလေရဲ့ ဗျို့.......။

15 ယောက် မှတ်ချက်ပေးခဲ့သည်:

နေသော်သတိုး said...

ကိုဖားကြီးရေ ပို့စ်အသစ်လေးကို လာဖတ်သွားတယ်ဗျာ..။ ကောင်းပါတယ်...။ အဲဒီလိုသာဖြစ်ရမှာ..။

Dream said...

ဟယ်.... အဲလိုမျိုးကြီးရေးထားတာလား။ ဘာသာရေး
အနေနဲ့ အသိတရားရစေအောင်ပြောတာတော့ ကောင်းသလိုလိုပဲ...ဒါပေမယ့် အသိတရားနုနယ်
တဲ့ကလေးတွေကို မဖြစ်နိုင်တဲ့ဟာကို
အဟုတ်လုပ်ပြီးတိတိကျကျဟုတ်သလိုလို
ရေးထားတာတော့မကောင်းဘူးနော် ဦးဦး။

တကယ်ဆို ဘယ်လောက်ပဲ အကုသိုလ်တွေထုံမွမ်း
နေပါစေ.. အဲဒီလို သာဓက အမှားပုံစံ မျိုးနဲ့ ဆုံးမ
တာက အသိတရားနုနယ်တဲ့လူတွေနဲ့
နောက်လာနောက်သားကလေးတွေ မှာ အမှန်ပျောက်ပြီး အမှားကြီးစွဲသွားရင်တော့ ရင်လေးစရာ။
လူကြီးတွေ ဆုံးမစရာရှိရင်လည်း သာဓက အကောင်းဆုံးဥပမာတွေ နဲ့ ဆုံးမနိုင်ပါစေလို့
ဆန္ဒပြုပေးလိုက်ကြရအောင်နော် ဦးရီးတော်....
:) :) :)


ဦးရီးတော်ရေ အခုလို ပြန်လည် ရှာဖွေပြီး တင်ပေးတာ ကျေးဇူးနော်.. အခုမှ သိတယ်... :)

တားမြစ် ထားသော... said...

ဆရာဖားပြောတာကို ဟိုဆရာတွေသိစေချင်တယ်။ စိတ်ညစ်စရာဗျာ။ ဆုံးမချင်လည်း တစ်ခြားဥပမာတွေ ရှိအုံးမှာပါ။ ခုတော့ ဝေဝေဆာဆာကို ဖော်ပြထားတယ်ကိုး... :(

သုခမိန်(E-Journal)

Dr Phyo Wai Kyaw said...

ကိုဖားရေ အဲလို အမှားကိုဖော်ပေးဦးမှ။
ကိုသင်ကာတို့ ခင်ဗျားတို့ တာဝန်ကျေပါတယ်။

Ethic ပိုင်းအင်မတန်အားနည်းနေသလား??

တွေးစရာပါ။

ဘာပဲဖြစ်ဖြစ် Ethic ပိုင်းချို့ ယွင်းနေမှုမှန်သမျှ ပြတ်သားစွာကန့်ကွက်ပါတယ်။

Han Thit Nyeim said...

ဒီဓာတ်ပုံက photoshop နဲ့ လုပ်ထားတာလို့ထင်တယ်။ အစစ်လည်း ဟုတ်ချင်ဟုတ်မယ်။ ဒါပေမယ့် အယ်ဒီတာအဖွဲ့တွေက အဲဒါကို သေချာစိစစ်ပြီးမှ အထောက်အထားခိုင်လုံမှ စာမျက်နှာပေါ်တင်သင့်တယ် လို့ထင်တယ်။ ဆင်ဆာအဖွဲ့တွေကလည်း ဘာမဟုတ်တဲ့ ဟာတွေသာ မဲပြီး ဖြတ်နေတာ ဒါမျိုးကျတော့ ဟုတ်မဟုတ် စီစစ်ဖို့ မစဉ်းစားဘူး။

အင်း... ခုတ်ရာတခြား ရှရာတလွဲဆိုတာ ဒါပဲဖြစ်မှာ။

JulyDream said...

ဖြစ်နိုင်လား မဖြစ်နိုင်လား ခေါင်းသုံးပြီး စဉ်းစားသင့်တယ်။ ဦးနှောက်ရှိတဲ့ လူတိုင်း သိနားလည်တဲ့ အရာကို မီဒီယာပေါ်မှာ အခုလို ရေးသားပြီး ထုတ်ဝေတာက ရှက်စရာ ကောင်းလှပါတယ်ဗျာ။ အမှားအမှန်ကို သေချာစိစစ်ပြီးမှ တင်ပြသင့်တဲ့ အရာမျိုးကို အခုလို ပြီးပြီးရော လုပ်တာတော့ မကြိုက်လှပါဘူးဗျာ။

Andy said...

ဟားဟားဟားဟားဟိဟိ
အဲဂလိုပဲ ရီလိုက်ချင်တော့တာပါပဲဗျာ

မသက်ဇင် said...

မီးမောင်းထိုးပြတာကောင်းတယ်--
တာဝန်ကျေပါတယ်---

mm thinker said...

အဲဒီတိုက်က စာနယ်ဇင်းသမားတွေ ဘယ်လောက် အ တယ်၊ ခေတ်နောက် ဘယ်လောက်ကျန်ခဲ့သလဲ ပြတာပဲ။

Anonymous said...

အခုလို အသိပေးတာ လုပ်သင့်ပါတယ်ခင်ဗျား
ဒါမှလဲ နောင်ဆို ပြုပြင်သင့်တာပြုပြင်လို့ရတာပေါ့

ဗီလိန် said...

ကြာတယ်ဗျာ။ ဒီပို့စ်ကို ကျနော် ဖော်ဝပ်လုပ်မယ်။ ဖြစ်တယ်ဟုတ်။

တက်လူငယ် said...

မွန်မြတ်တဲ့ ကလောင်လက်စွမ်း တစ်ခုအတွက် ဂုဏ်ယူပါတယ်ဗျာ။ ဆက်လက်ဖော်ထုတ်နိုင်ပါစေ။

Apprenticeship said...

အမလေးဗျ... ဂျာမနီနော်လိတ်စ် (General Knowledgန လူကြီးတွေ မဟုတ်တာလုပ်ရင်ပြော အေပီတို့ပြောလေ့ရှိတဲ့ ချီးမွမ်းစကားပါ)တွေအဲဒီလောက်ခေါင်းပါးနေပီလား။။။။။ အခြေအနေမကောင်းဘူး။။။။

Apprenticeship said...
This comment has been removed by the author.
Anonymous said...

ကောင်းတယ်ဗျာ ဒီလိုလေး ရေးပေးမှ ...
ညာဝါး လုပ်တာကြီးက ဘွင်းဘွင်းကြီးဖြစ်နေတယ် ..