ရန်ကုန်

16 November 2008

သူများတွေ အလုပ်များလို့ ဘလော့ဂ်မရေးနိုင်သေးဘူးဆိုတုန်းကတော့ ရေးပါဗျို့တို့ဘာတို့ လျှောက်ကျပ်ဖူးသည်။ ကိုယ့်အလှည့်ကျတော့မလွယ်လှ.....။ တကယ်ပင်ပန်းလာလျင် ပို့စ်အသစ်ရေးဖို့မပြောနှင့် ဘလော့ဂ်တွေစီလည်ဖို့တောင်မရောက်ခဲ့...။ အခုတလော ဘာမှလည်းတွေးချိန်သိပ်မရှိပါ...။ ထို့ကြောင့် ပို့စ်အသစ်မရေးနိုင်သော်လည်း ဘလော့ဂ်ဂါ အမကြီး မ၀ါ စကားနှင့် ပြောရလျင် ဆားချက်လိုက်ပါသည်။
သို့သော် ကျွန်တော်သည် ဂဠုန်မဟုတ်ပါ။ အကြောင်းမှာ စနေသား ဖြစ်သောကြောင့်ဖြစ်ပါသည်။ အောက်က ပုံတွေကတော့ နိုင်ငံခြားကသူငယ်ချင်းတွေ ရန်ကုန်အလွမ်းပြေမယ်ထင်လို့ တင်ပေးလိုက်ပါတယ်။ အကြံကုန်လျင် နဂါးလည်း ဆားချက်တတ်ပါသည်....။


အဝေးက ဖူးတွေ့ရတဲ့ ရွှေတိဂုံစေတီတော်(16-Nov-2008)


အနီးကပ်ဆွဲကြည့်တော့ မြူတွေက၀ါးတားတား စေတီတော်ကြီးကို ပြန်လည်မွမ်းမံနေတယ်....(16-Nov-2008)

မြန်မာ့အသံက တာဝါတိုင်ကြီး(16-Nov-2008)


အင်္ဂလိပ် စစ်င်္သချိုင်း(16-Nov-2008)

အရင်လိုတိုးဝှေ့ နေဆဲ ရန်ကုန်


နေညိုချိန်ဆို ...


အိပ်ပြန်ချင်နေပြီ.....

11 ယောက် မှတ်ချက်ပေးခဲ့သည်:

Phyu said...

ကားပဲ တိုးရ တိုးရ ပြန်ချင်တယ်း(

လင်းဒီပ said...

ဖားကြီးချက်တဲ့ဆားတွေက အဆင်ပြေတယ်..

လက်ရွေးစင်က ကော်ဖီသောက်ချင်တယ်..
ရွှေတိဂုံဘုရားဖူးချင်တယ်..
ရွှေရည်က မြန်မာမုန့်တွေစားချင်တယ်..
အထဲဝင်စီးလေဗျာ နားမလည်ဘူးလားလို့ အအော်ခံချင်တယ်..
နွေးအေးမှာ..အာလူးထမင်းစားချင်တယ်...
နောက် ဝဋ်ကြွေးတော်ပြေဘုရားလည်းသွားချင်တယ်..

ရန်ကုန်ကို လွမ်းပါတယ်

လင်းဒီပ said...

ဓာတ်ပုံလေးတွေယူထားတယ်

လင်းဒီပ said...
This comment has been removed by the author.
ဂျူဝသန် said...

ကိုဖားကြီးရေ... ကျေးဇူးဗျာ.. မြန်မာပြည်အလွမ်းပြေကြည့်လိုက်ရလို့... ကိုဖားကြီးရဲ့နာမည်ကို မြင်ဖူးနေတာကြာပီဗျ။ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကြောင့် အခုမှ ရောက်လာတာပါ။

တက်လူငယ် said...

အဟား ..ကိုဖားကြီးရေ.. နဂါးဆားချက်တော့လည်း ကောင်းပါတယ်ဗျာ။ မြန်မာပြည်အလွမ်းမြေ ဒါမျိုးလေးတွေ များများလုပ်ပါဗျာ။

တက်လူငယ် said...

အဟား ..ကိုဖားကြီးရေ.. နဂါးဆားချက်တော့လည်း ကောင်းပါတယ်ဗျာ။ မြန်မာပြည်အလွမ်းမြေ ဒါမျိုးလေးတွေ များများလုပ်ပါဗျာ။

Welcome said...

စနေသားချက်တဲ့ ဆားက ချိုလို့ပါလား၊ ဆက်လက် ချက်နိုင်ပါစေဗျာ... မွန်းကြပ်မှုတွေ ကြားကနေ ရုန်းထွက်ရင်း ...

http://winzaw-mdy.blogspot.com

WWKM said...

မောင်ဖားကြီး ရေ.. အစ်မကလည်း ဂဠန်ဟုတ်ဖူးနော်.
ဟဟ ဆားချက်တာတော့ ကျွမ်းတယ်။အစ်မ ဘလော့မှာ
ဆားတွေပုံနေတာပဲ နောက်မှ လေလံတင်ပြီး ရောင်း
ရမယ်..း)

ပုံလေးတွေကြည့်ပြီး...
မြန်မာပြည်ကိုလွမ်းတယ် ပြန်တော့မယ်။။။း)

အစ်မ၀ါ

Anonymous said...

ဆားချက်ထားပေမဲ့ မြန်မာပြည်အလါမ်းပြေလေး ကြည့်
သွားပါတယ်ဗျာ

ရွှေပြည်သူ (ShwePyiThu) said...

ပုံတွေကြည့်ပြီး လွမ်းလည်းလွမ်းတယ်... သက်ပြင်းလည်း ချမိတယ် ရန်ကုန်ရယ်... ပုံတွေတင်ပေးတာ ကျေးဇူးတင်ပါတယ် မောင်လေးဖားကြီး...