ကာတွန်းလည်းဖတ် ရယ်လည်းရယ်

6 September 2008

ဒါလေးပဲ ခိုးတာပါ
အမူ့သည်တစ်ယောက် ရှေ့နေထံ လာပြီးအမူ့အပ်သည်။ ရှေ့နေက အမူ့လိုက်ပေးရန်သဘောတူ
လိုက်ပြီးနောက်မေးသည်။
"ခင်ဗျားမှာ အမူ့လိုက်ခနဲ့ ရုံးစရိတ်အတွက် ပိုက်ဆံကော လုံလုံလောက်လောက် ရှိလား"
"ကျွန်တော့်မှာ နောက်ဆုံးပေါ် ကာဒီလက် ကားတစ်စီးပဲရှိပါတယ်"
"အို..ဒီလောက်ဆိုရပါတယ်ဗျာ။ ကဲပြော ...ခိုးမူ့ဆိုတော့ ခင်ဗျားကဘာကို သွားခိုးမိလို့
တရားစွဲခံရတာလဲ"
" ခုနကပြောတဲ့ ကာဒီလက်ကားကြီး ခိုးမိလို့ပါ"



စိတ်ဓါတ်ကျမှာ စိုးလို့
ဆေးရုံတစ်ရုံတွင် ခွဲစိတ်ထားသောလူနာတစ်ယောက် ပြန်သတိရလာသည်။ သူ့ဘေးမှ ပြတင်းပေါက်
အားလုံးအား လိုက်ကာ ကာထားသဖြင့် သူနာပြုဆရာမလေးအား ခေါ်မေးသည်။
"ဘယ်လိုဖြစ်လို့ ပြတင်းပေါက် ခန်းဆီးတွေအားလုံး ချထားရတာလဲဗျာ"
" ဒီလိုပါရှင် ဆေးရုံရှေ့က လမ်းတစ်ဖက်ခြမ်းမှာ မီးအကြီးအကျယ်လောင်နေတော့ ရှင်သတိရလာရင်
ငါတော့ခွဲစိတ်လည်း ဘာမှမထူးဘူးဆိုပြီး စိတ်ဓါတ်ကျသွားမှာ စိုးလို့ပါ"



ပိုကြိုက်တာပြော
လူတစ်ယောက်စိတ်ရောဂါကု ဆရာဝန်ထံလာပြသည်။ ဆရာဝန်က ဘာဖြစ်နေလို့လဲဟုမေးသည်။
"ဒီလိုပါဆရာ ကျွန်တော်ရိုးရိုးရှုးဖိနပ်တွေကို တောစီးဖိနပ်ရှည်တွေထက် ပိုကြိုက်နေလို့ပါ"
" ဟာ လူတိုင်းဒီလိုပါပဲဗျာ။ ကျွန်တော်လည်း ရိုးရိုးရှုးဖိနပ်တွေကို ပိုသဘောကျတာပဲ"
" ဒါဆိုကျွန်တော်နဲ့ တူတာပေါ့။ ကဲ.. ဆရာရော ပြုတ်ထားတာနဲ့ ကြော်ထားတာကို ဘယ်ဟာ
ပိုကြိုက်သလဲ"


ရှင်တို့ ယောကျာင်္းတွေ

4 ယောက် မှတ်ချက်ပေးခဲ့သည်:

ရင်ကွဲငှက် said...

အဟီးရယ်ရတယ်ဗျာ တစ်နေ့တာပင်းပန်းသမျှတော့ အမောပြေတာပဲကျေးဇူးကိုဖားကြီးရေ ကျွန်တော်က ဟာသကြိုက်သဗျ အဟီးရယ်စရာမရှိကိုယ့်ဟာကိုယ် ကလိထိုးရယ်ချင်နေတဲ့ကောင် အဟတ်ဟတ်

ဇင်ယော် said...

ကျနော်ကတော့ ပြုတ်ကြော်ဆို ပိုကြိုက်တယ်ဗျ။
ရှင်တို့ ယောကျာင်္းတွေ ကားတွန်းလေးကတော့
လက်ထိပ်ပေါ်တက်ပြီး နံရံပေါ်ကျော်ကြည့်နေတယ်ဆို
ပိုကောင်းမလားလို့ ။ :)

သက်တန့် said...

ဖတ်လည်းဖတ်...
ရယ်လည်းရယ်...
ဖတ်ရယ်သွားတယ်... ခွိ ခွိ... :D

Han Thit Nyeim said...

ကျုပ်ကတော့ ဖိနပ်အကြောင်းဟာသလေး ကြိုက်တယ်။