ထွက်ပြီးသားဆင်စွယ် ပြန်ဝင်ချင်ဝင်တယ်

21 December 2008

ကျွန်တော် တက်ခဲ့တဲ့ ကောလိပ် သို့မဟုတ် တက္ကသိုလ်ကနေ သတင်းဆန်းလေး တစ်ခုကြားခဲ့ရလို့ ပြောပြပါမယ်။ ကောလိပ်နာမည်လား အရင်တုန်းကတော့ GTC မှော်ဘီတဲ့ အခုတော့ နည်းပညာတက္ကသိုလ် (မှော်ဘီ) လို့ပြောင်းလိုက်ပါပြီ...။ တက္ကသိုလ် တစ်ခုရဲ့ အဆင့် မှီမမှီကတော့ ကိုယ်တိုင်သွားကြည့်ပြီး ဆုံးဖြတ်ကြပေါ့ဗျာ....။ အဲ့ဒီလို တက္ကသိုလ် ဖြစ်လိုက် ကောလိပ်ဖြစ်လိုက် ကျောင်းကြီးမှာ ကျွန်တော် ခြောက်နှစ်တိတိ ကျောင်းတက်ခဲ့ပါတယ်( တစ်နှစ်က ကျလို့ :) ) ...။

ဒီအတောအတွင်းမှာ အောင်စာရင်းထွက်တော့မယ်ဆို ကျွန်တော်တို့အမြဲရင်ခုန်ခဲ့ရပါတယ်....။ ကိုယ်ဖြေ ထားတဲ့ ရလာဒ်ကလည်းအမြဲလိုလို တစ်ဘာသာ လောက်ကတော့ စည်းပေါ်မှာ ရောက်နေတတ်တာ ကိုး...။ အောင်စာရင်းထွက်ရင် ဖြစ်တတ်တာက စာတော်တယ်လို့ အများက သတ်မှတ်ထားတဲ့ သူတွေလည်း ကျတဲ့သူကျ၊ B.Tech မပါ၊ BE မပါ နဲ့ဖြစ်တတ်ကြပါတယ်။ အရင်တစ်နှစ် နှစ်နှစ်လောက်ကတော့ EC မေဂျာက ROLL ထိပ်ပိုင်းတစ်ယောက် အောင်စာရင်းမှာ မပါလာပါဘူး...။ သူကလည်း အပိုင်ဖြေနိုင်တဲ့ သူတစ်ယောက်
ဆိုတော့ အထက်ကို တက်ကြည့်တဲ့အခါ Code ဖြေတဲ့နေရာလိုသွားလို့ပါဆိုပြီး အောင်စာရင်း ပြန်ထုတ် ပေးပါတယ်..။ သူ့အဖြေလွှာစာရွက်ကို သူများက အကြံအဖန်လုပ်ပြီး လဲတာလို့လည်း မြန်မာပြည် ထုံးစံအရ ကြားခဲ့ရပါတယ်..။ ထားတော့... ဒါတွေက ကျွန်တော်တို့လည်း ရေရေရာရာမသိဘူး ဆိုတော့...။ သြော် ဒီလိုလည်း ဖြစ်တတ်တယ်ဟဆိုပြီး မှတ်ချက်တော့ ချဖြစ်ခဲ့ပါတယ်။

အခု ပြီးခဲ့တဲ့ နှစ်ပတ်က အတန်းစုံ၊ မေဂျာစုံက အောင်စာရင်းတွေထွက်ပါတယ်...။ အောင်စာရင်းထွက်တော့ ထုံးစံအတိုင်းကျတဲ့သူကျ၊ အောင်တဲ့သူအောင်၊ GTI နဲ့ နားသူနား B.Tech နဲ့တစ်ခန်းရပ်သူရပ်နဲ့ပေါ့..။ ဒီအထိလည်း မဆန်းပါဘူးဆိုပေမယ့်ကျွန်တော်တို့ Civil မေဂျာက ကလေးတွေက တစ်ဆယ့်ခြောက်ယောက် လောက် ကျတဲ့အထဲမှာ Roll ထိပ်ပိုင်းက သူတွေ လေးငါး၊ခြောက်ယောက် မကပါနေတော့ သူတို့လည်း မဖြစ်နိုင်ဘူးဆိုပြီး ပြောလာကြပါတယ်။ အကြောင်းကဒီလိုပါ... ကျောင်းကမေဂျာတွေထဲမှာ ကျွန်တော်တို့ Civil မေဂျာက အတွက်အချက်တော်တော်များပါတယ်။ ဒီတော့ မေးတဲ့ပုစ္ဆာတွေက ကိုယ်ရမရ
ဆိုတာ အခန်းပြင်ထွက်တာနဲ့ ခန့်မှန်းလို့ရပါပြီ..။ ပြောရရင် အမှတ်ပြည့်မပြည့်တောင် တွက်ယူလို့ရပါတယ်..။ ဒီတော့ကလေးတွေကလည်း အပြည့်အ၀ အပိုင်ဖြေထားပါလျက်နဲ့ ဒီလိုဖြစ်ရလေခြင်းဆိုပြီး ငိုယိုတိုင်တန်း ကြတော့ အားလုံးစုပြီးအထက်ကို တင်ပြတဲ့ အခါ ထုံးစံအတိုင်း Code ဖြည်တာ လိုသွားပါတယ် ဆိုပဲ..။ အဲ့ဒါနဲ့ အထက်ကဘာလုပ်ပေးလဲ ဆိုတော့ အားလုံးအောင်စေသတည်း ဆိုပြီး ဘဘကြီးရဲ့ တန်ခိုးနဲ့ အောင်စာရင်း နောက်တစ်စောင်ပြန်ထုတ်လိုက်တော့ Civil မေဂျာ BE တန်းက၁၀၀ % အောင်ချက်ရသွားပါတယ်..။ ကလေးတွေနဲ့ မိဘတွေလည်း ပြုံးပျော်သွားနိုင်တာ မုဒိတာ ပွားစရာပါပဲ...။

ဒါပေမယ့် ကျွန်တော်စဉ်းစားလို့မရတာက ကမ္ဘာပေါ်က တက္ကသိုလ်လို့အမည်ခံထားတဲ့ကျောင်းတွေမှာ ဒါမျိုးအဖြစ်များရှိမလားဆိုတာ သိချင်တာပါ...။ ခိုင်လုံတယ်လို့ယူဆရမယ့် ကြားရတဲ့ သတင်းကတော့ ဘဘကြီးက အသေးအဖွဲကအစသူပဲပြောချင်၊ဆိုချင် လုပ်ကိုင်ချင် နေတာတဲ့..။ အဖြေလွှာတွေကိုလည်း သူစစ် ဆိုတဲ့အချိန်ကျမှ စစ် ခိုင်းပါတယ်...။ ပြီးတော့ မေ့နေပြီးမှ ကျောင်းတွေ ပြန်ဖွင့်ဖို့နီးလာတော့ အောင်စာရင်း ထုတ်ရမယ် Code ဖြည် Code ဖြည်ဆိုပြီးလုပ်ပါတယ်ဆိုပဲ...။ ဖြည်ရမယ့် ရက်ကလည်း နှစ်ရက်ပဲ အချိန် ရလိုက်တယ်တဲ့..။ အဲ့ဒီ နှစ်ရက် အတွင်းမှာ မြန်မာတစ်ပြည်လုံးက ကျောင်းပေါင်း ၃၃ လား ၃၄ လား ကျွန်တော်
လည်း မမှတ်မိဘူး .. အဲ့ဒီကျောင်းတွေအားလုံးကို ၀န်ထမ်းတွေခမျာ အပြီးဖြည်ရတာပါ...။ ဘဘကြီးက ရာဇမာန်လည်း ကြီးတာကိုး..။ အဲ့ဒီတော့ ၀န်ထမ်းတွေခမျာ အကုန်အောင်ရင်လည်း မကောင်း ... ပြီးသင့် တာတွေကလည်း မပြီးသေးတော့ ကျွန်တော်တို့ငယ်ငယ်တုန်းက နောက်ပြောင်ကျသလို ခေါင်း၊ပန်း လှန်ပြီး အောင်မအောင် ဆုံးဖြတ်လိုက်ကြလားမသိ...။ တကယ်ကျတဲ့သူတွေက ကိစ္စမရှိပေမယ့်... စာတော်ကြိုးစားပြီး ဖြေနိုင်တဲ့ ကလေးတွေနဲ့မိဘတွေကတော့ တစ်နှစ်တော့ သွားပြန်ပြီဟဲ့ ဆိုပြီး စိတ်ဆင်းရဲခဲ့ကြရပါတယ်...။ ပြန်အအောင်ပေးလိုက်လို့တော်သေးတာပေါ့လို့ ဆိုပေမယ့် ဒီကိစ္စမျိုးဆိုတာ မဖြစ်သင့်ဘူးလို့ ကျွန်တော်တော့ ထင်တာပဲ..။ ဒါပေမယ့် ဒီမှာက မဖြစ်သင့်တာတွေကလည်း အမြဲဖြစ်နေတာဆိုတော့... ဒါပေမယ့်
ပေါ့လေ... ဒါပေမယ့်ပေါ့ ... ဟဲ... ဟဲ..။

ကဲ ဘိုးတော်တို့၊ အဘတို့ ရေ ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးသော နိုင်ငံတော်ကြီး တည်ဆောက်ချင်တယ် ဆိုရင်၊ ပညာတတ်လေးတွေ ထွန်းတော်စေချင်တယ်ဆိုရင်လည်း စာမျက်နှာတွေ၊ မီဒီယာတွေပေါ်မှာ အသံကောင်း ဟစ်နေရုံမကပဲ.. ဒါမျိုးလေးတွေ လည်းသတိထားပေးကြပါလို့အပြုသဘောနဲ့ တင်ပြလိုက်ပါတယ်ဗျာ...။ ကျန်တာတော့မပြောတတ်တော့ဘူး... သား သား အဲလေ ဖား ဖား ကြောက်ကြောက်....။

10 ယောက် မှတ်ချက်ပေးခဲ့သည်:

ဖိုးသင်္ကြန် said...

သာဓု ၃ကြိမ်
ခေါ်လိုက်ပါကြောင်း
ဘကြီးသောင်း...

:P said...

ထွက်ပြီးသားဆင်စွယ်၊ ညှစ်ပြီးသား သွားတိုက်ဆေး
အားလုံးပြန်ဝင်လို့ ရတယ်ပေါ့အေ...
:((((

puluque said...

အဘမောင်သောင်း အကြောင်းပြောရရင် ပြောမဆုံးပေါင်။ သူက လုပ်ချင်တာလုပ်၊ အဘအောက် က ဒုတိယ အဘကလည်း တစ်မျိုး.. သူတို့လုပ်တာနဲ့ သပန လဲ အဖတ်ဆယ်မရ၊ အရည်ပါမကျန်၊ လုပ်ချင်သလိုလုပ်နေတာပါ။ ဒီလိုနဲ့ ပဲ အဘလဲ သက်တော်ရှည် အမတ်ချုပ်ကြီး နေရာတည်မြဲလို့။ သပန ဝန်ထမ်းတွေရဲ့ မေတ္တာက စူးရှတယ်ထင်တယ် သူကတော့ အခုထိ ပန်းပန်လျက်ပါပဲ....ကိုဖားရေ.. ကျတော်လည်း ကြောက်တယ်ဗျ... ကိုဖားကတော့ လွတ်လွတ်ကျွတ်ကျွတ် အောင်တယ် မဟုတ်လားဗျ...

Dr Phyo Wai Kyaw said...

ဟေးဟေး
ဒီလိုဗျ ဘယ်သူရေးတာလဲဗျာ
ဆရာသော်တာဆွေလား..
ရေးတာလေ..၀တ္တုတိုတစ်ပုဒ်ဗျာ..

"ကျနော်တို့ကျောင်းက..အအောင်ပေးတဲ့ စနစ်က ဒီလိုဗျတဲ့ စာမေးပွဲ အဖြေလွှာတွေကို.. ခုံပေါ်တင်ပြီး ၀ါးခြမ်းပြားနဲ့ ရိုက်ချ ဘယ်ဘက်ကျတဲ့ အဖြေလွှာတွေကို အအောင်ပေးတယ်.. ညာဖက်ကျတဲ့ အဖြေလွှာတွေကို အကျပေးတယ်.."


:P

ဟန်လင်းထွန်း said...

ကိုကိုဖား

လျှောက်ပြောနဲ့။ အဲ့ဒီလိုမျိုးအဖြစ်တွေက အများကြီး။ ၁၉၉၆ လောက်က ခရီးသွားနှစ်ကို ကစားတဲ့ ကျောင်းသားတချို့ ကျောင်းချိန်မပြည့်လို့ စာမေးပွဲကျတာ သွားပြီး ကွန်ပလိန်းတက်လိုက်တာ အကုန်အောင်စေသတည်းတဲ့

Anonymous said...

ဟဟ... ဒါမျိုးတွေမြန်မာပြည်မှာ မဆန်းတော့ပါ
ဘူးဗျာ။စော်ကားတာတော့ မဟုတ်ပါဘူးနော်
လက်ရှိဖြစ်နေတာကို ပြောရရင် ကျနော့်
သူငယ်ချင်းတွေဆိုရင် ဘွဲ့သာရသွားကြတယ်
ဘာမှန်းတောင် မသိလိုက်ကြဘူးဗျ သူတို့
အပြောကတော့ ဧည့်ခန်းမှာ ဓာတ်ပုံချိတ်ဖို့
တနေရာတိုးလာတာပဲရှိသတဲ့ ဘာပညာမှကို မတတ်လိုက်တာတဲ့ အေးရော...

တောင်ပေါ်သား said...

ကိုကြီးရေ ကျနော်ကတော့ ဘာမှ ပြောဘူးနော့် ဟီးးး ဒို့များတိုင်းပြည်ရဲ့ ပညာရေးလေဗျာ

pandora said...

ဒီလိုရှိသလား။
ညှစ်ပြီးသား နှပ်နှပ်တွေ ပြန်မျိုကြတယ်ပေါ့

Andy said...

အမယ် ဒါမျိုးက GTC မှာလဲဖြစ်သကိုး ဟိုးဟိုးဟိုးဟိုး
မောင်သောင်းတို့ မွှေချက်က လန်ထွက်နေတာပဲ

ကိုအလှတရားရေ အစ်ကိုပြောတာက ဇဝနရဲ့ ကောလိပ်ကျောင်းသားဝတ္ထုထဲကပါ... ဝတ္ထုရှည်ကြီးဗျ...

Apprenticeship said...

အား..ကြားရတာနဲ့တင် စိတ်လေသွားတယ်။ ခံရသူတွေတော့ လွင့်သွားလောက်ပြီး :P