အညတြရ

3 May 2009

တစ်ခွက် နှစ်ခွက်နဲ့ ဒါဏ်ရာတွေကို
မော့သောက်နေခဲ့ရတာ
ဘယ်နှစ်ရက် ရှိခဲ့ပြီလဲ.....

တစ်လိပ်နှစ်လိပ်နဲ့ အိပ်မက်တွေကို
ရူထုတ်လိုက်တာ
ကိုယ်တိုင်တောင် ပျောက်ဆုံးသွားခဲ့

လူဆိုတာ....
ဘ၀ဆိုတာ...
ဘာဆိုတာ...
ညာဆိုတာ....
ဒဿနတွေ ခေါင်းထဲမှာပြည့်နေတော့
ငါဟာ ဖျားနာတတ်တဲ့ စက်ရုပ်တစ်ရုပ်များလား..

ဒီလိုနဲ့ပဲ....
မနက်ဖက်ဆို နေထွက်ပြီး
ညဖက်ဆို နေ၀င်တယ်
ရူလိုက်သွင်းလိုက်နဲ့
ရင်ခုန်သံတွေ ကြားထဲမှာ
ငါ.... ဒီအတိုင်းတော့ မပြီးဆုံးသွားချင်သေးဘူး...

8 ယောက် မှတ်ချက်ပေးခဲ့သည်:

ဗီလိန် said...

ဘယ်လိုများပြီးဆုံးချင်သတုန်းဗျ။ :)
ဘဝသရုပ်ဖော်တွေ ပြောင်မြောက်လှပါပေတယ်ဗျာ။

ဖိုးသင်္ကြန် said...

ဖားကြီး...ဖားကြီး...ဖားကြီး
ဖားကြီး...ဖားကြီး...ဖားကြီး
ဖားကြီး...ဖားကြီး...ဖားကြီး
ဖားကြီး...ဖားကြီး...ဖားကြီး

မောင်ခင်လေး said...

ကိုဖားကြီးရေ ခုလို စာတွေပြန်ရေးတာမြင်တော့ ၀မ်းသာပါတယ် ညီတော့ စာမေးပွဲနီးလို့ ခဏနားထားတယ် အစ်ကိုရေ လာလည်သွားတဲ့အတွက်ကျေးဇူးပါ :)
ကဗျာလေး ခံစားသွားပါတယ် ကောင်းသောနေ့ပါ အစ်ကို :)

မဆုမွန် said...

ဟူးးးး
ကဗျာဖတ်ပြီးအသက်ရူမရဖြစ်သွားတယ်..
ကဗျာလေးကို ခံစားသွားတယ် ကောင်းလိုက်တာ အားပေးနေမယ်နော် ကိုဖားကြီး

ဖိုးဂျယ် said...

ဖူးးးး လူ့ ဘ၀တဲ့ ရင်မောပါ့
ကိုဖားရာ

pandora said...

ခံစားချက်တွေ တိုက်ဆိုင်နေတဲ့
ကဗျာလေးတစ်ပုဒ်ပါ

ပြန်ရေးနေလို့ ၀မ်းသာတယ်
အားပေးပါတယ်

poemflower said...

အဲကဗျာလေးက ကောင်းလိုက်တာ မရေးတာကြာပေမယ့် အရင်လိုဖတ်လို့ကောင်းတုန်းပဲကိုဖားကြီး

အိမ် said...

ကဗျာလေး အားပေးသွားတယ်ဗျား။။