ဘာကိုဘယ်လို စရေးရမှန်းကို မသိတော့ဘူး ... ဦးရှင်ကြီး နတ်ဖြစ်သွားတဲ့ ကျွန်းနားကရွာတစ်ရွာကို ကိုးလပိုင်းတစ်ဆယ့်တစ်ရက် ကရောက်သွားတယ် .... ဒီနေ့ ဒီဇင်ဘာ လေးရက်နေ့ည ရှစ်နာရီမှာ ရန်ကုန်ကို ခဏပြန်ရောက်တယ်...။ ရေးရမယ်ဆိုရင် ရေးစရာတွေကအများသား ... ဒါပေမယ့်လောလောဆယ်တော့ ခဏပြန်ရောက်ကြောင်းလောက်ပဲ အသိပေးပါရစေ ... ဘလော့ လောကကြီးနဲ့ ဘလော့ဂ်ဂါ ညီအစ်ကိုမောင်နှမ အားလုံးကို ကွန်ပြူတာဆိုတာ သေသေချာချာတောင် မမြင်ဘူး မသိကြတဲ့ အရပ်ကနေ နေ့စဉ်လိုလို သတိရမိပါတယ် ... ။
ခွင့်ရတဲ့ ရက်ကလည်း အရမ်းကိုနည်းလွန်းတော့ ပို့စ်လည်း သေသေချာချာရေးဖြစ်မယ်မထင်ဘူး ...။ ရေးဖြစ်ခဲ့ရင်တော့ ဓနိတော၊ အုန်းတောတွေနဲ့ မိကျောင်းတွေအကြောင်း
အများဆုံးဖြစ်မှာ ကျိန်းသေပဲ.... ။ ဘယ်ပဲသွားသွား ရေလမ်းခရီးဆိုတော့ ... အခုရန်ကုန်ပြန်ရောက်တာ ကားမစီးတတ်သလိုဖြစ်နေတယ် ...။ မြင်မြင်သမျှ ရန်ကုန်သူလေးတွေကလည်း ကျွန်တော်သွားတုန်းကထက် ပိုပြီးချောလာသလိုပဲ ....။ :)
အမှတ်တရ လာလည် ကြသူများ ၊ မလည်ဖြစ်သူများ အားလုးံအားလုံးကို ကျေးဇူးတယ်ပါတယ်ခင်ဗျာ ...။
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
5 days ago


4 ယောက် မှတ်ချက်ပေးခဲ့သည်:
ပြန်ရောက်ပြီးလား ဒါဆို ဆွေလေးက ပြန်နှုတ်ဆက်ရမယ်
ရွှေပြည်တော်ကြီးကိုခဏပြန်မလို့ လေ..
ပြန်လာမှပဲ နောက်အသစ်တင်တဲ့ ပို့တွေလာဖတ်တော့မယ်..
အေးဗျာ ပျောက်နေရောပဲ
မေ့လောက်ရှိ ပြန်ပြန်ပေါ်လာတယ်
ဖားကိုယ်ပျောက်
မိန်းမလှကျွန်း၊ မိကျောင်းမွေးမြူရေး၊ ဓနိတောတွေ...
အင်း အချိန်ရရင်တော့ နယ်ပယ်သစ်က စိတ်ကူးသစ်တွေ ရေးစမ်းပါဦးညီရေ။
ကိုဖားကြီး ပျောက်နေတာဒါကြောင့်ကိုး.... လုပ်ဦးဗျ ခရီးသွား အတွေ့အကြုံလေးတွေ မိကျောင်းတွေ အကြောင်း စိတ်ဝင်စားတယ်ဗျ မြန်မြန်ရေးပါဗျို့
Post a Comment