13 November 2008

"လေနှင်ရာကို ... သွားပါမည်"

ဒီည အတွက်တော့
ကျွန်တော် ကဗျာတွေမရေးချင်တော့ပါ
လေနှင်ရာကို ကျွန်တော်သွားပါမည်
ကျွန်တော်သည် ရော်ရွက်ကြွေလေး မဟုတ်ပါ
သို့သော်
ဒီညတော့
လေနှင်ရာကို ကျွန်တော်သွားပါမည်....

ဘ၀ ....
ခြေစုံပစ် ၀င်လိုက်ကတည်းက
နေ့ရက်တွေက ကွေ့ကောက်လွန်းလှသည်
ဦးတည်ရာကို သိနေသော်လည်း
ဒီညတော့
လေနှင်ရာကို ကျွန်တော်သွားပါမည်
ကျွန်တော်သည် အလေ့ကျ ပန်းလေးတစ်ပွင့်
မဟုတ်ပါ.....
သို့သော် ... ဒီညတော့
လေနှင်ရာကို ကျွန်တော်သွားပါမည်......

ညက မဲမှောင်လွန်းလှသည်
ဝံပုလွေများ၏ အူသံသည် ခြောက်ခြားဖွယ်
ထိုအရာများကို ကျွန်တော်နှစ်သက်ပါသည်
ကဗျာဆန်ခြင်း မဆန်ခြင်းထက်
အရိုင်းဆန်ခြင်းကိုလည်း ကျွန်တော်မြတ်နိုးပါသည်
ထို့ကြောင့်....
ဒီညတွင်
လေနှင်ရာကို ကျွန်တော်သွားပါမည်......

လမ်းများက ကျွန်တော့်ကိုသယ်ဆောင်ပါ
သက္ကရာဇ်များက ကျွန်တော့်ကိုထမ်းထားပါ
လ.. မထွက်သော်လည်း
ကြယ်တွေစုံနေပါပြီ...
ဒီင်္အလင်းလောက်နဲ့ဆိုရင်
လေနှင်ရာကို ကျွန်တော်သွားပါမည်.....

အေးစက်လှချည်ရဲ့
ကျွန်တော် တအားချမ်းတာပဲ မေမေ....
အလင်းရောင်တွေက စိမ်းစိမ်းကားကား
သံစဉ်ချိုချိုတွေက ၀ိုးတ၀ါး
တောနက်ထဲမှာ ရောက်နေသော်လည်း
ဒီညတော့
လေနှင်ရာကို ကျွန်တော်သွားပါမည်....

ကောင်းမြတ်ခြင်း ...
နွေးထွေးခြင်း ...
ကြည်လင်သန့်စင်ခြင်း ...
မေတ္တာတရားများသည်
ကျွန်တော့်အတွက် ရှိကောင်းရှိနေပေဦးမည်
သို့သော် ဒီညအတွက်တော့
လေ .....
နှင် ....
ရာ ....
ကို ....
ကျွန်တော် သွားပါမည်......

စကြာဝဠာ ရဲ့ ဟိုးတစ်ဖက်စွန်းအထိ
ရောက်လိမ့်ပါစေ.....
လေနှင်ရာကို.......
ကျွန်တော်.....
သွား ...
ပါ ...
မည် ....

9 ယောက် မှတ်ချက်ပေးခဲ့သည်:

Anonymous said...

can i follow u?

khin oo may said...

ကောင်းသောညကလေးပါ။ လွင့်မျောနိုင်ပါစေ.

Dream said...

လေနှင်ရာလွင့် နေဦးမယ့် ဘ၀ပါ..အော်.. သီချင်း
နဲ့မှားကုန်ပြီ.. ဟီးဟီး.. လေနှင်ရာလွင့်မြောပြီး.. လေမုန်တိုင်းထဲမိသွားဦးမယ်.. သတိထား... မြန်မြန်
ပြန်လာခဲ့... ဟဲဟဲ..:P :P

လင်းဒီပ said...

လွှတ်ပေးလိုက်..ဘယ်လောက်ထိ လေနှင်ရာသွားနိုင်သလဲ စိတ်တွေကိုလွှတ်ပေးလိုက်..
တခါတခါမောတယ်

တားမြစ် ထားသော... said...

အေးစက်လှချည်ရဲ့
ကျွန်တော် တအားချမ်းတာပဲ မေမေ....
အလင်းရောင်တွေက စိမ်းစိမ်းကားကား
သံစဉ်ချိုချိုတွေက ၀ိုးတ၀ါး
တောနက်ထဲမှာ ရောက်နေသော်လည်း
ဒီညတော့
လေနှင်ရာကို ကျွန်တော်သွားပါမည်....

**********

လေနှင်ရာသွားတဲ့ညကို ခံစားသွားပါတယ်။

သုခမိန်(E-Journal)

Apprenticeship said...

အန်း ၀ဲနေတာလား...

Chaos said...

ဖီးကြမ်းလေး လေနှင်ရာကို လွှင့်ပါလို့ လိုက်သွားပီပေါ့။ ပြန်လာဦးနော်။ ကားဆက်ရိုက်ဖို့ရှိသေးတယ်။
ကဗျာလေးကောင်းတယ်။ ဖားကြီးရေ။
အပေါ်ကစတာ
အောက်က အတည်ပြောတာ။

Unknown said...

ကောင်းသောနေ့ပါ ကိုဖားကြီးရေ လေနှင်ရာကိုကျွန်တော်သွားပါမည်း အင်း ဟုတ်တယ် လေနှင်ရာကိုကျွန်တော်သွားပါမည် ကဗျာတွေမရေးချင်သေးပါ :)

Anonymous said...

ကဗျာလေးကို ခံစားဖတ်ရှုသွားပါတယ်ဗျာ